ခြံထဲမောင်းဝင်လာတဲ့ ပြိုင်ကားအနီရဲရဲလေးကြောင့် ဧည့်ခန်းထဲမှာ ဖုန်သုတ်နေတဲ့စည်း လက်ထဲကအဝတ်လေးကိုချကာ ခြံထဲဆင်းသွားမိသည် ။
ဒီအိမ်ကို စည်းဧည့်သည်ဆိုလို့ လာမယ့်သူတစ်ယောက်တစ်လေတောင်မရှိပါ ။ ဒီလိုကားအကောင်းစားတွေနဲ့ ရောက်ချလာတိုင်း အရင့်ဧည့်သည်တွေသာဖြစ်တတ်တော့ အခုလဲ ဧည့်သည်ဆိုတဲ့အသိကြောင့် ဆင်းချသွားပီးမှ မြင်လိုက်ရတဲ့မြင်ကွင်းက ထူးဆန်းသွားရသည် ။ 
ပြိုင်ကားအနီ ရဲရဲလေးနဲ့အပြိုင် တစ်ကိုယ်လုံး ကြက်သွေးရောင်ရဲတောက်နေတဲ့ ဂါဝန်တိုလေးနဲ့ အမျိုးသမီးကိုစည်း တစ်ခါမှမမြင်ဖူးသလို အိမ်ကိုမလာခဲ့ဖူးတဲ့ ဧည့်သည်မျိုး ။ သူမလေးကလဲ စည်းကိုစူးစမ်းလေ့လာတဲ့ မျက်ဝန်းတွေနဲ့အစုန်အဆန်ကြည့်ပီးမှ စည်းအနားထိလျှောက်လာသည် ။ 
" ဟေး အရင့်ကော "
မေးပုံက ယဥ်ကျေးမှုတစ်စက်တစ်လေတောင်မရှိသလို ကြည့်နေတဲ့မျက်ဝန်းတွေမှာလဲ အငွေ့အသက်တစ်မျိုးလွှမ်းခြုံနေပေမယ့် စည်းအတက်အကျမရှိတဲ့လေသံမျိုးနဲ့သာ......
" အရင့်အပေါ်မှာ ရှိပါတယ် ခဏစောင့်ပါလား ကိုယ်သွားခေါ်ပေးပါ့မယ် "
" ဆူးရောက်နေတယ်လို့ ပြောပေးစမ်းပါကွာ "
နာမည်ကြားတော့မှ ဒီမိန်းကလေးကိုစည်းသတိရသွားပါသည် ။ ဟိုတစ်ခါ အရင့်ဆီဖုန်းဆက်လာသည့်မိန်းကလေး ။ ဘယ်လိုပဲကြည့်ကြည့် စည်းထက်တော့ အသက်ငယ်မည့်ပုံပါ ။ ဒါပေမယ့် အပြောအဆိုရင့်သီးစီးပိုးပုံက အရင့်ဧည့်သည်လို့မပြောရအောင် တစ်ပုံစံတည်း တစ်ထေရာထည်း ။
" ဖေဖေ့ "
" ဟော သားသားနိုးပီလား "
သားသားအသံလေးက စူးနေကာ စည်းဆီကိုလဲ ပြေးဖက်တွယ်လာတာမို့ စည်းလက်တွေကမ်းကာ သိမ်းပွေ့ထားလိုက်ပီး......
" မပြေးရဘူးလေ သားသားရယ် မျက်နှာပြောင်လေးနဲ့ပါလား ဖေဖေခဏနေကျရင် သနပ်ခါးလိမ်းပေးမယ်နော် အခုအန်တီဝင်းမာနဲ့ မနက်စာစားထားနှင့် "
ဒီလိုဆိုတော့ သားသားကအလိုမကျသလို နှုတ်ခမ်းလေးစူထော်သွားရကာ......
                                      
                                   
                                              STAI LEGGENDO
The Shadow ( Ongoing )
Storie d'amoreငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......
 
                                               
                                                  