" ဒုန်း ခလွမ်း "
အရှိန်နဲ့ပစ်ပေါက်ခံလိုက်ရတဲ့ ဖန်ခွက်က နံရံနဲ့ရိုက်မိပီးအစိတ်စိတ်အမြွှာမြွှာကွဲကြေသွားရကာ စည်းရပ်နေတဲ့နေရာနားထိ ဖန်ကွဲစတွေကဖွားခနဲလွင့်စင်လာသည် ။ ပစ်ပေါက် ရိုက်ခွဲထားသမျှတွေက တစ်ခန်းလုံးပွစာကြဲနေကာ စည်းရပ်နေတဲ့နေရာကနေ တစ်ခြားနေရာကို ခြေချဖို့တောင်ခက်ခဲစွာ စည်းဒီတိုင်းရပ်နေရပေမယ့် အရင့်ကတော့ခုထိစိတ်ကျေနပ်ပုံမရသေး ။ ဆူးလက်ကိုဆွဲပီးထွက်သွားတာ သိပ်မကြာလိုက် ကားနဲ့ချက်ချင်းပြန်ရောက်ချလာကာ.....
" အရက်ပုလင်းယူခဲ့ အခန်းထဲကို "
ဘာစကားမှလဲမပြောလာပါပဲ အခန်းထဲရောက်ကတည်းက အရက်တစ်ခွက်ပီးတစ်ခွက်မော့ချနေကာ စည်းကိုစူးရဲနေအောင်ကြည့်ပီး ပစ္စည်းတွေတစ်ခုပီးတစ်ခုရိုက်ခွဲပြသည် ။ သားသားဘေးအခန်းမှာရှိနေတာကြောင့် အကြီးအကျယ်တွေမဖြစ်ချင်လို့ စည်းပါးစပ်ပိတ်နေလေ အရင့်ကပိုသောင်းကျန်းပြလေ ။ မှန်တင်ခုံကမှန်တွေအားလုံးလဲ အကုန်သူ့လက်ချက်နဲ့ကြေမွနေကာ တစ်ခန်းလုံးလဲသူဖျက်စီးထားသမျှ ဘာတစ်ခုမှရစရာမရှိတော့ ။
" ခွမ်း "
ဒီတစ်ခါပစ်လိုက်တဲ့အရာက စည်းမျက်နှာနားကနေ ကပ်သီးလေးဖြတ်သွားကာ အရှိန်နဲ့နံရံဆီလွင့်စင်သွားတာကြောင့် စည်းအထိတ်တလန့်နဲ့မြင်လိုက်ရသည်က အရက်ပုလင်း ။ ဘယ်လိုမှ သည်းမခံနိုင်တော့ပါ ။
ဘယ်လောက်ပဲအခန်းတွေအသံလုံပါတယ်ပြောပြော တစ်ဖက်ခန်းမှာရှိနေတဲ့သားလေး ဒီအသံတွေကြောင့်လန့်သွားရမှာစိုးတာကြောင့် အရင့်ခပ်လျော့လျော့မှီထိုင်နေတဲ့ ဆိုဖာထိ စည်းပုလင်းကွဲတွေကိုရှောင်ဖယ်ပီးသွားလိုက်ကာ......
" မင်းဘာလို့ ဒီလောက်သောင်းကျန်းနေရတာလဲ အရင့် မကျေနပ်ရင်ပါးစပ်ကပြောလေ အဲ့လိုရမ်းကားတာမျိုးတွေမလုပ်ပါနဲ့ "
" အဟွန်းးးခုတော့အသံထွက်လာပီပဲ "
ရီဝေမှေးစင်းနေတဲ့မျက်ဝန်းထဲမှာ စူးရဲသတ်ဖြတ်လိုစိတ်တွေပြည့်နေတဲ့အရိပ်အယောင်က ရဲရဲတောက်နေကာ မှီနွဲ့နေရာကနေ ထလာပီး စည်းရှေ့မှာတည့်တည့်ရပ်သည် ။ တစ်ခန်းလုံးသူသောင်းကျန်းထားသမျှကို ကျေနပ်နေတဲ့အသွင် လှည့်ပတ်ကြည့်ပီးမှ ခပ်ဟဟရယ်ကာ.....
YOU ARE READING
The Shadow ( Ongoing )
Romanceငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......
