မှိန်ဖျော့မှုန်မှိုင်းနေတဲ့မီးရောင်ခပ်မှိန်မှိန်အောက် သူငြိမ်သက်စွာလဲလျောင်းရင်း နက်ရှိုင်းသိပ်သည်းတဲ့ အမှောင်ထုဆီထိုးဆင်းနေတဲ့စိတ်ရဲ့အာရုံက အေးစက်နေတဲ့အခန်းထဲမှာတောင်သူ့ကိုချွေးစေးပြန်စိုရွှဲစေတဲ့အထိ နှိပ်စက်လျက်ရှိသည် ။မျက်နှာချင်းဆိုင်အရပ်ကနေ မသဲကွဲစွာရပ်ငေးကြည့်နေတဲ့ပုံရိပ်လေးဟာ လက်တွေ့မှာလား ဒါမှမဟုတ် သူအိပ်မက်တွေထဲမှာပဲရှိနေသေးတာလား ။ အိပ်မက်သာဆိုရင်တော့ သူချက်ချင်းနိုးထလိုက်ဖို့ကောင်းပါသည် ။
သား ဟုတ်တယ် သားဆီကိုသူပြန်သွားရဦးမယ် ။ ဒါပေမယ့် ရုန်းထွက်ဖို့ခွန်အားမဲ့စွာပင်မြင်နေရတဲ့ပုံရိပ်ယောင်လေးက ဆင်ခြင်နိုင်စွမ်းတွေကိုဝါးမြိုပီး သူ့ကိုနိုးထနိုင်ဖို့ခက်ခဲစေလျက်ရှိသည် ။ ထို့နောက်ရှိသမျှခွန်အားတွေနဲ့ ပုံရိပ်လေးဆီလက်လှမ်းမိတော့ မနှစ်မြို့စွာပင် သူ့လက်တွေနဲ့ဝေးရာကိုကျောခိုင်းကာလှည့်ထွက်ဖို့ဟန်ပြင်လိုက်တာကြောင့် သူ့ရင်ထဲဆို့နင့်နာကျင်သွားရသည် ။
ဒီလောက်တောင် သိပ်မုန်းတာပဲလားအချစ်ရယ်.....။
အက်ကွဲစွာသူငေးကြည့်နေရင်းက တိုးတိတ်သောခြေသံတစ်စုံတစ်ရာသည် သူ့အနီးကနေထွက်ခွာသွားဖို့ခြေလှမ်းပြင်တဲ့အခါ တားမြစ်သံတို့က လည်ချောင်းဆီမှထွက်မလာပဲ အသိစိတ်တွေထဲမှာပဲတိမ်ဝင်ပျောက်ကွယ်သွားရသည် ။ သူ့ဆီကနေဝေးသထက်ဝေးသွားတဲ့ စည်းကသူ့ရဲ့ကူကယ်ရာမဲ့နေခြင်းအပေါ်အနည်းငယ်တောင်ဂရုမစိုက်ပဲ တစ်လှမ်းချင်းထွက်ခွာသွားတဲ့အခါ ရှိသမျှခွန်အားတွေနဲ့ သူတစ်ခုခုပြောဖို့အားယူကြိုးစားလိုက်ပီး.......
" မထားခဲ့ပါနဲ့ "
လေးပင်စွာထွက်လာတဲ့သူ့အသံကိုကြားတော့ စည်းကခပ်မဲ့မဲ့ပြုံးကာစူးစူးစိုက်စိုက်ကြည့်လာပီး......
" နှုတ်ဆက်ခဲ့ပါတယ်....ကိုယ်ဦးခိုက်ကိုပဲချစ်တာ "
တွေဝေတွန့်ဆုတ်ခြင်းကင်းမဲ့တဲ့စကားသံအဆုံး အရင့်တစ်ကိုယ်လုံးကိုအမှောင်ထုကဝါးမြိုသွားကာ ရုန်းလေနစ်လေသူခက်ခဲပင်ပန်းစွာလွတ်မြောက်ဖို့ကြိုးစားနေရပေမယ့် ဖျတ်ခနဲမြင်လိုက်ရတဲ့ အေးစက်ငြိမ်သက်တဲ့မျက်ဝန်းတွေကြောင့် သူလှုပ်ရှားမှုတွေရပ်တန့်တုံ့ဆိုင်းသွားရသည် ။ မုန်းတီးရွံရှာမှုတွေအပြည့်တောက်ပနေတဲ့မျက်ဝန်းတွေနဲ့စည်းက သူ့ကိုငုံ့မိုးကြည့်လာပီး......

ВЫ ЧИТАЕТЕ
The Shadow ( Ongoing )
Любовные романыငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......