" ဒေါက် ဒေါက် "
သားအခန်းရှေ့ရပ်ကာ တံခါးအသာခေါက်တော့ဆံပင်လေးတွေခပ်ဖွာဖွာနဲ့သားကအိပ်မှုန်စုံမွှားမျက်နှာလေးနဲ့ တံခါးလာဖွင့်ပေးသည် ။ ပီးမှ အခန်းရှေ့မှာရပ်နေသည့်စည်းကိုမြင်တာနဲ့ မျက်နှာလေးအနည်းငယ်တည်သွားကာ.....
" ဘာဖြစ်လို့လဲ ဖေဖေ "
" ဒီည သားနဲ့တူတူအိပ်ချင်လို့လေ "
ထိုစကားကြောင့် အလင်းမျက်နှာလေးပိုလို့ပင်တည်တင်းသွားကာ စည်းကိုခပ်စူးစူးလေးကြည့်ပီး.....
" သားမအိပ်ချင်ဘူး "
စည်းသိပီးသားပါ ဒါပေမယ့် လက်မလျှော့ပဲသားကိုချစ်ခင်စွာကြည့်လျက်ကနေ.....
" ကဲပါ ဖေဖေ့ကိုအထဲတော့ခဏဝင်ခွင့်ပေးမယ်မလား "
စည်းမျက်နှာပေါ်ကအပြုံးနဲ့ နူးညံ့သောလေသံကြောင့်သားတစ်ချက်တွေသွားပီးရပ်နေရာမှခြေတစ်လှမ်းဆုတ်ကာ တံခါးကိုစည်းဝင်သာတဲ့အထိ ခပ်ကျယ်ကျယ်ဖွင့်ပေးသည် ။ အခန်းတွင်းကိုဝင်လိုက်တာနဲ့ အဲကွန်းမှလေအေးတို့သည်စည်းတစ်ကိုယ်လုံးကိုစိမ့်နေအောင်ဖြတ်သန်းတိုက်ခတ်သွားကာ ထိုလေအေးတွေထဲသားရဲ့နွေးနုနုကိုယ်သင်းနံ့လေးပါကပ်ပါလာတာတော့ စည်းကြည်နူးစွာပြုံးလိုက်မိသည် ။ သားရဲ့အခန်းသည် ဟိုးအရင်တုန်းကအတိုင်းပြာနုသောဆေးရောင်လေးတွေနဲ့သာဖြစ်ပီး ပြောင်းလဲသွားတာကတော့ ခုတင် ။ ယခင် သားတစ်ယောက်စာလုံလောက်တဲ့ခုတင်လေးသည် အခုတော့ နှစ်ယောက်အိပ်စာလောက်ကျယ်ဝန်းသည့်ခုတင်အဖြစ် ပြောင်းလဲသွားပီဖြစ်သည် ။ ထိုအပေါ်မှာမှ သားကြိုက်တတ်တဲ့ batman ပုံပါသည့်မွေ့ယာခင်းအစွပ်ကိုနက်မှောင်စွာခင်းထားပီး အခန်းနံရံတွေပေါ်မှာလဲ ယခင်တုန်းကလို batman ပုံတွေနဲ့ပြည့်နှက်လျက်ရှိသည် ။
စည်းအခန်းတွင်းရပ်လျက် ဟိုဒီဝေ့ဝဲကြည့်နေတာကိုသားကတစ်ချက်မျှသာကြည့်ပီး ခုတင်ပေါ်မှာခပ်ငိုင်ငိုင်ဝင်ထိုင်လျက် ခပ်ပွပွဆံပင်လေးတွေထဲ လက်ကိုထည့်ဖွပြန်သည် ။ ဒါသားလေး စည်းရှိနေတာကြောင့် စိတ်ညစ်ညူးနေတာပေါ့ ။
ထို့နောက် ခုတင်ပေါ်ကိုပဲသားနဲ့ကပ်လျက် စည်းဝင်ထိုင်လိုက်ပီး ပွယောင်းနေတဲ့ဆံပင်ပျော့လေးတွေကိုညင်သာစွာသပ်တင်ပေးမယ်ဟန်ပြင်ပေမယ့် သားကခေါင်းလေးငဲ့ရှောင်ပစ်သည် ။ ခပ်ဂျစ်ဂျစ်မျက်နှာလေးနဲ့ စေ့ပိတ်ထားတဲ့နှုတ်ခမ်းလုံးလေးတွေကိုကြည့်ပီး စည်းပြုံးလိုက်ကာ.....
ESTÁS LEYENDO
The Shadow ( Ongoing )
Romanceငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......
