Part - 26 ( Unicode )

5.7K 368 33
                                        

" သား သက်သာရဲ့လား "

သားသားအခန်းထဲဝင်လာတဲ့ အရင့်ရဲ့အမေးကြောင့် စည်းခေါင်းအသာခါပြလိုက်ရသည် ။ အိပ်ယာပေါ်လဲလျောင်းနေတဲ့သားသားက မျက်လုံးလေးတွေမှိတ်ကာအိပ်ပျော်နေပေမယ့် ခြေထောက်ကလေးတွေက မသိမသာဖောယောင်နေကာ တစ်ချက်တစ်ချက်မှာမျက်နှာလေးကပါရှုံ့မဲ့သွား၏ ။အရင်နေ့တွေကအထိ ကျန်းမာတက်ကြွနေတဲ့သားသားက ၁ရက်၂ရက်အတွင်းသိသာစွာမှိန်းကျနေကာ ဖိမှိတ်ထားတဲ့မျက်ခွံလေးတွေကပါမို့ဖောင်းနေတော့ စည်းမကြည့်ရက်စွာပင် ရင်ထဲမှာတင်းကြပ်နေရသည် ။ အရင့်ကစည်းထိုင်နေတဲ့နံဘေးထိ လျှောက်လာကာ စည်းပုခုံးလေးကိုအသာပုတ်လျက်နှစ်သိမ့်ပေးပီး.......

" ကိုယ်တို့သားကိုဆေးရုံပြကြည့်မှဖြစ်မယ်......သားခြေထောက်ကလေးတွေက နည်းနည်းဖောချင်သလိုဖြစ်နေတော့သာမန်နေမကောင်းတာလို့ သတ်မှတ်လို့မရတော့ဘူး စည်းအဝတ်အစားလဲဦးမလား ဒီအတိုင်းသွားမလား "

" ရတယ် ဒီအတိုင်းပဲသွားမယ် "

အိပ်ပျော်နေတဲ့သားသားကိုအရင့်ကပွေ့ချီလိုက်တော့ မျက်လုံးလေးတွေ ဖွင့်ကြည့်လာပီးသားသားက သူ့ဒယ်ဒီကိုမြင်တာနဲ့ဝမ်းနည်းစွာပင် မျက်နှာလေးမဲ့ကျသွားရကာ....

" ဒယ်ဒီ  သားသားခေါင်းမူးတယ် "

" ဒယ်ဒီ့ပေါ်ခဏအိပ်လိုက်ဦးနော် သားနိုးလာရင်အားလုံးပျောက်သွားလိမ့်မယ် "

အရင့်စကားကြောင့်သားသားကမောပန်းနွမ်းနယ်စွာမျက်ဝန်းလေးတွေမှိတ်ချလျက် အရင့်လည်တိုင်ကိုဖက်တွယ်ကာ ပြန်မှိန်းနေဖို့ကြိုးစားသည် ။ သားသားကိုကြည့်ပီး စည်းရင်ထဲမီးခဲမျိုချထားရသလိုပူလောင်အက်ကွဲနေရကာ ကတုန်ကယင်နဲ့ခြောက်ခြားစွာရှိနေသည်ကို အရင့်ကရိပ်မိစွာပင် တစ်ဖက်ကသားသားကိုချီလျက် လက်တစ်ဖက်က စည်းပုခုံးလေးကိုနှစ်သိမ့်သလိုပွေ့ဖက်လာပီး......

" သားဘာမှမဖြစ်စေရဘူးနော် ကိုကို့ကိုယုံတယ်မလား "

ဟုတ်တယ် အရင့်သာဆိုဘာမဆိုလုပ်ပေးနိုင်ပါလိမ့်မည်ဟု စည်းဖြေသိမ့်စွာတွေးပီး ခေါင်းကိုခပ်သွက်သွက်ညိမ့်ပြတော့ အရင့်ကစည်းလက်ကိုဆွဲယူပီး အောက်ထပ်ကိုဆင်းသည် ။

The Shadow ( Ongoing )Tempat cerita menjadi hidup. Temukan sekarang