ညနေခင်းအတန်းပြီးလို့အလင်းလာကြိုမယ့်ကားကိုမျှော်နေတုန်း ကားကိုမှီနွဲ့လျက် ခပ်လျော့လျော့ရပ်နေတဲ့ဦးကိုမြင်ပီးသူ့ခြေလှမ်းလေးတွေခပ်သွက်သွက်လှမ်းလိုက်မိတော့၏ ။ ဦးကတော့ ပတ်ဝန်းကျင်ကိုသတိမထားမိဟန် စီးကရက်တစ်လိပ်ကိုသာခပ်ပြင်းပြင်းရှိုက်နေပေမယ့် ဖြတ်သွားဖြတ်လာလူတိုင်းကတော့ ဦးကိုသာစိတ်ဝင်တစားနဲ့အကဲခတ်သွားကြ၏ ။ ညနေကျောင်းဆင်းချိန်လဲဖြစ်တာကြောင့် ပတ်ဝန်းကျင်မှာလူတွေရှုပ်ထွေးနေကာ ထိုထဲမှာမှ ဦးပုံစံကထင်းခနဲ ။ ဆေးကျောင်းထဲလာပီး ဘယ်သူ့မှဂရုမစိုက်ဟန်ဆေးလိပ်သောက်နေတာကတစ်ကြောင်း နောက်ပီးအရပ်အမောင်းနဲ့မျက်နှာထားကြောင့်ပင် ဦးပုံစံကအကြည့်မလွှဲချင်စရာကောင်းလောက်အောင် ဆွဲငင်မှုတွေအပြည့် ။
အလင်းလွယ်အိတ်လေးကို သေချာပြင်လွယ်လိုက်ကာ ဦးရပ်နေတဲ့ကားနားဆီလျှောက်သွားလိုက်တော့ ဦးကမျက်စိတစ်ချက်လှန်ကြည့်လာပီး....
" ဘေဘီအတန်းပီးပီလား "
" ဟုတ်ကဲ့ "
ထိုအခါ သောက်လက်စစီးကရက်ကိုပစ်ချကာ ရှူးဖိနပ်ထိပ်ဦးနဲ့ နင်းခြေပစ်လိုက်သည်အထိအလင်းမျက်မှောင်လေးကုတ်လျက်လိုက်ကြည့်နေမိ၏ ။ အဲ့လိုစည်းကမ်းမရှိတဲ့အမူအယာတွေကို အလင်းတစ်စက်ကလေးတောင်မနှစ်မြို့ပါ ။ အလင်းရဲ့အလိုမကျတဲ့မျက်နှာလေးကို ဦးကသတိထားမိသွားဟန် ခပ်အက်အက်တစ်ချက်ရယ်ချလိုက်ပီး....
" ဆောရီးဘေဘီရယ်....ဦးအကျင့်ပါနေတာ "
အလင်းပြန်မဖြေမိပါ ။ ထိုအခါ ကားရှေ့ခန်းတံခါးကို ဦးကညင်သာစွာဖွင့်ပေးလာပီး.....
" ကဲတက်....ဒီညနေကျောင်းကြိုတဲ့တာဝန်ကို ဘေဘီ့ဒယ်ဒီဆီကနေ ဦးမနည်းလုလာရတာ "
ဦးရဲ့စကားကြောင့် အလင်းရင်ထဲဒိတ်ခနဲဖြစ်သွားရကာ ဘာအတွက်လဲဟုပင်ထုတ်မေးမိမတတ်ဖြစ်သွားရတော့၏ ။ ဒါပေမယ့် အလင်းမမေးပါ ။ ထိုအစားနှုတ်ခမ်းလေးတွေကိုသာတင်းတင်းစေ့ပိတ်ထားလိုက်ရပီး ကားထဲဝင်ထိုင်တော့ ဦးမျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ကလှစ်ခနဲ ။ ပြီးမှ မောင်းသူနေရာကိုဝင်ထိုင်ကာခုချိန်ထိမသက်မသာနဲ့ခပ်တောင့်တောင့်ထိုင်နေဆဲအလင်းဘက်ကို ခပ်ဆဆတစ်ချက်ကြည့်လာပီး.....
ВЫ ЧИТАЕТЕ
The Shadow ( Ongoing )
Любовные романыငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......
