Part - 8 ( Unicode )

8.2K 478 35
                                        


.စည်း ထမင်းစားခန်းထဲ ဝင်လိုက်တာနဲ့ ဝင်းမာကျွေးတဲ့မနက်စာကို စိတ်မပါလက်မပါ စားနေတဲ့ သားသားက မျက်နှာလေးဝင်းလျက် ခုံပေါ်က လှစ်ခနဲပြေးဆင်းလာသည် ။

" မောနင်း အသဲလေး "

" မောနင်း ဖေဖေ....သားသားကဖေဖေ့ကိုအများကြီးသတိရနေတာသိလား အဲ့တာကြောင့် သားသားကလာတွေ့ချင်ပေမယ့် ဒယ်ဒီကပြောတယ် ဖေဖေနေမကောင်းတာမို့ မနှောင့်ယှက်ရဘူးတဲ့ "

သားရဲ့စကားကြောင့် စည်းမျက်နှာလေးဖြန်းခနဲပူတက်သွားရသည် ။ ကမ္ဘာဦးခိုက်ကြောင့် ပြသနာတက်ရတဲ့နေ့က ရေချိုးခန်းထဲမှာ အချိန်ကြာတာကြောင့်ကော အရင့်နှိပ်စက်တာကြောင့်ပါအကုန်စုပီး စည်းအိပ်ယာထဲလဲသွားရတာဖြစ်သည် ။ နေမကောင်းတဲ့ရက်အတွင်း သားကလဲစည်းဆီရောက်မလာခဲ့သလို သားဆီအဖျားကူးမှာစိုးလို့ စည်းကိုယ်တိုင်လဲသွားမတွေ့ခဲ့ပါ ။ အခုတော့ သားက စည်းကိုဘယ်လောက်လွမ်းနေခဲ့လဲဆိုတာ အသံလေးတွေညံနေလျက် တတွတ်တွတ်ပြောပြတာကိုကြည့်ပီး စည်းမျက်နှာလေးက သွားတက်လေးတွေပေါ်သည်အထိ ပြုံးရယ်ပီး ခေါင်းလုံးလုံးလေးကို ချစ်စနိုးဆွဲဖွပစ်မိသည် ။

" ဖေဖေကလဲ သားသားကို အရမ်းသတိရနေတာပါဗျာ"

" ဖေဖေအခု နေကောင်းသွားပီလားဟင် "

" ကောင်းသွားပေမယ့် အားမရှိဘူးဖြစ်နေတယ်.....အသဲလေး နမ်းရင်တော့ အားတွေပြန်ပြည့်သွားမယ်ထင်တယ် "

စည်းပြောလိုက်တာနဲ့ သားလက်သေးသေးလေးတွေက မျက်နှာကိုအုပ်ကိုင်လျက် စူထော်လာတဲ့ နှုတ်ခမ်းလုံးလေးက နေရာလပ်မရှိ တရှုံ့ရှုံ့နမ်းတော့သည် ။
ဘယ်လိုမျိုးလေးနေနေ အချစ်ပိုနေရကာ စည်းမှာရှေ့ကသားသားကိုကြည့်ရင်းအသဲတယားယားရှိရသည် ။ သားသားကိုပွေ့ချီလိုက်ပီး.....

" ရတယ် အစ်ကိုပဲသားသားကိုဆက်ကျွေးလိုက်တော့မယ် လုပ်စရာရှိတာလုပ်တော့ "

ကျွေးလက်စ ပူတင်းလေးကိုဆက်ကျွေးနေရင်း သားမေးနေသမျှကိုလဲ စည်းမှာစိတ်ရှည်လက်ရှည်ပြန်ဖြေရပါသည် ။ " ဖေဖေ အဲ့တာကဘာလဲ "..." ဖေဖေ အဲ့အကြောင်းပြောပြ "...." ဟိုနေ့က သားသားတို့ကျောင်းမှာ မြွေကြီးတွေ့ခဲ့တယ် "...." ဖေဖေ့ သားသားတို့တီချယ်ကပြောတယ်....."

The Shadow ( Ongoing )Where stories live. Discover now