Warning - 18+ ❗❗❗
( ဒီအပိုင်းမှာ mature scence တွေနဲ့ရိုင်းစိုင်းတဲ့စကားအသုံးအနှုန်းတွေပါဝင်တာကြောင့် အသက်မပြည့်သေးသူများနဲ့ မကြိုက်မနှစ်သက်သူများ လုံးဝမဖတ်ပဲ ကျော်သွားပေးကြပါရှင် )
ဒီနေ့နဲ့ဆို ဦးတိုက်စိုးပျောက်သွားခဲ့တာ ၃လနီးပါးလောက်ရှိပြီဖြစ်သည် ။ ဖုန်းအဆက်အသွယ်လဲမရှိတော့သလို အရင်လိုကျောင်းမှာတောင်မတွေ့တော့တာကြောင့် အလင်းစိတ်ထဲမှာထိုကိစ္စအတွက်လေးလံနေရ၏ ။ စာမေးပွဲတွေဖြေရတော့ ကျိန်းသေပေါက်ဦးတိုက်စိုးကို တွေ့မှာပဲဆိုတဲ့သေချာချက်မျိုးနဲ့ ဒုတိယနှစ်ကျောင်းဆောင်တွေနားသူသွားစောင့်ပေမယ့် တိုက်ရဲ့အရိပ်ကလေးတောင်သူမမြင်ရပါ ။ ထိုအခါ တိုက်ရဲ့ဖုန်းနံပါတ်ကိုသူခေါ်ကြည့်ပေမယ့်လည်း စက်ပိတ်ထားတာနဲ့သာအမြဲတမ်းတိုးနေတာကြောင့် သူ့မှာနေမထိထိုင်မသာရှိလှ၏ ။ ကျောင်းပိတ်ထားတာတစ်လလောက်ရှိပြီဖြစ်တာကြောင့် တိုက်ကိုတွေ့ရဖို့ပိုလို့ပင်ခက်ခဲနေရကာ ဒီကိစ္စမှာအလင်းသူ့ကိုယ်သူအပြစ်မကင်းတဲ့ခံစားချက်မျိုးရနေ၏ ။
ဒီလိုနဲ့သူသည်းခံနိုင်မှုအတိုင်းအတာကုန်ဆုံးသွားတဲ့တစ်ရက်မှာတော့ တိုက်ရဲ့အိမ်ကိုသူလိုက်သွားမိတော့၏ ။ ဒါပေမယ့် ဝမ်းနည်းစွာပင် တိုက်အိမ်မှာရှိမနေပဲ သူ့ရဲ့ခြံစောင့်ကသာ အလင်းကိုတံခါးလာဖွင့်ပေးပီး....
" သခင်လေးမရှိပါဘူး ကနေဒါကိုထွက်သွားတာလ၂ ကျော်လောက်ရှိနေပါပြီ အရေးကြီးကိစ္စရှိရင်မှာခဲ့လို့ရပါတယ် "
" ကျေးဇူးတင်ပါတယ် သူပြန်ရောက်ရင်သာအလင်းရင့်ရောင်လာသွားတယ်လို့ပြောပေးပါနော် "
" ဟုတ်ကဲ့ "
လေးလံသောခြေလှမ်းတွေနဲ့ ငိုက်စိုက်စွာပင်အလင်းလှည့်ပြန်လာခဲ့ရ၏ ။ မျှော်လင့်ချက်မပေးချင်တဲ့ အလင်းရဲ့ပြတ်သားခြင်းဟာ တိုက်ကိုဒီလောက်ထိတောင်ပြိုပျက်သွားစေမယ်မှန်းအလင်းထင်မထားခဲ့မိပါ ။ အခုတော့သူ့ကြောင့်တိုက်ကစာမေးပွဲလာမဖြေတဲ့အပြင် မြန်မာပြည်ကပါထွက်သွားတယ်ဆိုတဲ့အသိကပါ သူ့ကိုပြင်းပြင်းထန်ထန်နှိပ်စက်လျက်ရှိ၏။ ဒီမွန်းကြပ်ရှုပ်ထွေးမှုကို သူတစ်ယောက်တည်းကျိတ်မှိတ်ခံစားနေရကာတစ်စုံတစ်ယောက်ကို ရင်ဖွင့်ပြောပြဖို့အတွက်လဲ သူမဝံ့ရဲပါ ။

ВЫ ЧИТАЕТЕ
The Shadow ( Ongoing )
Любовные романыငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......