Part - 44 ( Unicode )

4.2K 280 47
                                        

" ဘုတ် "

" အို ဆောရီးနော် "

နောက်ကနေအင့်ခနဲနေအောင်ပစ်စလက်ခတ်တိုက်ချပြီးမှ ဆောရီးနော်လုပ်နေတဲ့အနောက်ကကောင်ကိုသူစူးစူးဝါးဝါးလှည့်ကြည့်လိုက်မိ၏ ။ ကျောင်းပထမဆုံးတက်တဲ့ရက်မှာ တက်ရမယ့်အဆောင်ရှာမတွေ့လို့စိတ်တိုနေရတဲ့ကြားထဲ ဒိီလောက်ရှင်းလင်းနေတဲ့လမ်းမှာအသားလွတ်ဝင်တိုက်ခံလိုက်ရတာ​ကြောင့်သူနည်းနည်းတော့စိတ်တိုသွားရ၏ ။ သို့ပေမယ့် တိုက်လိုက်တဲ့သူကတော့ သူ့မျက်နှာအမူအယာကိုသတိထားမိဟန်မတူပါ ။ အောက်ကိုသာကမန်းတကန်းဆောင့်ကြောင့်ထိုင်ချပြီး ကတ္တရာလမ်းပေါ်လက်နဲ့ဟိုစမ်းဒီစမ်းလုပ်ကာဘာရှာနေတယ်မသိ ။

" ဒီမှာ ဟေ့လူ "

ခပ်ဆတ်ဆတ်အော်လိုက်ပေမယ့် သူ့ကိုအရေးတယူလုပ်ကာမော့ပင်ကြည့်မလာပဲခေါင်းကိုအတင်းငုံ့လျက် ခုထိစမ်းတဝါးဝါးလုပ်နေဆဲပင် ။

" ကျစ် "

သူစိတ်မရှည်စွာ ကျစ်ခနဲစုပ်သတ်လျက်ထိုနေရာမှလှည့်ထွက်မယ်ပြင်လျှင် ကတ္တရာလမ်းပေါ်စမ်းတဝါးဝါးလုပ်နေတဲ့လက်ဖဝါးရဲရဲလေးတွေကသူ့ရှူးဖိနပ်ထိပ်ဦးထိရောက်လာတာကြောင့်.....

" ဟေ့ ဘာလုပ်တာလဲ "

သူ့အော်သံကြောင့် အပေါ်စီးကမြင်နေရတဲ့ကိုယ်လုံးလေးကဆတ်ခနဲတုန်သွားကာခပ်မြန်မြန်ထရပ်လိုက်ရင်း.....

" မတော်တဆပါဗျာ မတော်တဆပါ....ခုနကတိုက်မိသွားတုန်းက ကျွန်တော့်လက်ထဲမှာကိုင်ထားတဲ့စာရွက်ခေါက်ကလေးတစ်ခုဘယ်နားလွင့်သွားလဲလိုက်စမ်းနေတာပါ "

အရာရာဟာတိတ်ဆိတ်စွာနဲ့ ၃စက္ကန့်အတွင်းမှာပင်ကော့ညွတ်ရှည်လျားတဲ့မျက်တောင်ရှည်လေးတွေအောက်မှာလှလှပပအရှုံးပေးသွားကြ၏ ။ သူ့ရဲ့အသက်ရှုခြင်းနဲ့ သွေးခုန်နှုန်းတွေဟာထိုစက္ကန့်လေးတွေအတွင်းသူကိုယ်တိုင်တောင်မပိုင်တော့ပဲ ထိုမျက်တောင်ရှည်လေးတွေရဲ့လှုပ်ရှားမှုအတိုင်းစည်းချက်ညီညီကခုန်ကြသလိုသူခံစားနေရ၏ ။ တစ်ခုခုအပေါ်အာရုံစူးစိုက်ထားရမှုကြောင့် ထိစပ်လုမတတ်တွန့်ချိုးနေတဲ့မျက်ခုံးတန်းလေးတွေရဲ့အကွာအဝေးဟာ ဘယ်လောက်ရှိမလဲသူတိုင်းတာကြည့်ချင်သည်။ဝိုင်းစက်တောက်ပတဲ့မျက်ဆံညိုလေးတွေကိုပိုင်ဆိုင်ထားတဲ့အမျိုးသားတစ်ယောက်ဟာဘယ်လောက်တောင်သန်မာစွာနဲ့လှပနေသလဲဆိုတာ လူတိုင်းသိအောင်သူပြောပြချင်သည် ။ ပြီးတော့ သူဘယ်လောက်ထိတောင်ရင်ခုန်စိတ်လှုပ်ရှားနေရသလဲဆိုတဲ့အကြောင်း သူ့ကိုပွတ်တိုက်ကျီစယ်သွားတဲ့လေပြည်လေးသိအောင်လဲပြောပြချင်ပါသည် ။

The Shadow ( Ongoing )Opowieści tętniące życiem. Odkryj je teraz