Part - 15 ( Unicode )

8.2K 477 60
                                        

ညနေကျောင်းဆင်းချိန်ဖြစ်တာကြောင့် ရှုပ်ထွေးနေတဲ့ပတ်ဝန်းကျင်မှာ ကားတွေ လူတွေနဲ့ စျေးသည်တွေပြည့်နှက်လျက်ရှိပေမယ့် အလင်း မျက်ဝန်းလေးတွေ နေရာအနှံ့လိုက်ရှာကြည့်တာတောင် ဘဘ ကားကိုတော့မတွေ့သေးပါ ။ ကျောပိုးလွယ်အိတ်လွယ်ပီး လက်ကလဲ ထမင်းချိုင့်ကိုင်ထားရတာကြောင့် အလင်းညောင်းလှပါပီ ။ ဦးထုပ်အနက်ရောင်လေးဆောင်းထားတဲ့ အလင်းမျက်နှာလေးကသုန်မှုန်နေကာ လမ်းဆီသာ တငေးငေးဖြစ်နေရင်းက မြင်လိုက်ရတဲ့ အာတာပူစီသည်ကြောင့် မျက်ဝန်းလေးတွေ လက်ခနဲ ဖြစ်ကာ ပြေးထွက်သွားတော့သည် ။

မုန့်သည်ဆီကိုသာ မော့ငေးနေတဲ့ မျက်နှာလေးက ဘေးပတ်ဝန်းကျင်ကိုလဲသတိမထားမိစွာ အာရုံက အရောင်စုံတဲ့ မုန့်လေးတွေကိုသာ စူးစိုက်ကြည့်နေမိတုန်း.......

" ဟားဟား ဝယ်လဲမစားနိုင်ပဲနဲ့ကွာ "

နံဘေးမှ အသံကြောင့် အလင်းလှည့်ကြည့်မိတော့ ဘုန်းမြင့်မိုရ် ကိုမြင်လိုက်တာနဲ့ မျက်နှာလေးကပါ တည်သွားကာ နှုတ်ခမ်းလေးကိုတင်းတင်းစေ့ပိတ်လိုက်မိသည် ။ ဘုန်းမြင့်မိုရ်ကို သူသဘောမကျပါ ။ အတန်းထဲမှာလဲ အလင်းကိုအမြဲတမ်း လိုက်ပီးရန်စတတ်တာကြောင့် အလင်း သူနဲ့မခင်ချင်ပါ ။
အခုလဲ အလင်းမျက်နှာလေး ပြန်လွှဲလျက် လမ်းမဘက်ကို တစ်လှည့် မုန့်သည်ကိုတစ်လှည့်ငေးကြည့်နေတာကို ဘုန်းမြင့်မိုရ်က မသွားသေးပဲ ရပ်ကြည့်နေကာ.....

" မင်းအိမ်ကလာကြိုမယ့် လူကိုစောင့်နေတာလား....ငါ့ကိုလာကြိုမယ့် မေမေရှိတယ် မင်းမှာကောရှိလား "

အလင်းမျက်နှာလေး ပျက်သွားရပေမယ့် ဘာမှမတုံ့ပြန်ပဲ အထဲပြန်ဝင်ကာ ဘဘကိုစောင့်မယ်ပြင်လျှင် ဘုန်းမြင့်မိုရ်က ခြေထိုးခံလိုက်တာကြောင့် အရှေ့ကိုဟတ်ထိုးလဲကျသွားရကာ လက်ထဲကထမင်းချိုင့်လေးကလဲ မြေပြင်ပေါ် ပစ်စလက်ခတ်ပြုတ်ကျသွားရတော့သည် ။ ကတ္တရာလမ်းပေါ် အရှိန်နဲ့ပြုတ်ကျတာကြောင့် လက်ဖဝါးနဲ့ ဒူးခေါင်းလေးတွေ မှာ ပွန်းပဲ့ကာ သွေးစို့သွားတာတောင် အလင်းမျက်နှာလေးတစ်ချက်မမဲ့ပဲရှိနေတာကို ဘုန်းမြင့်မိုရ်က အလိုမကျစွာ ရှေ့တိုးလာပီး.......

The Shadow ( Ongoing )Dove le storie prendono vita. Scoprilo ora