Part - 24 ( Unicode )

6.9K 404 33
                                        

" မောနင်း အချစ် "

" မောနင်း ရေချိုးပီးရင်ဆင်းလာတော့လေ အောက်မှာသားသားစောင့်နေပီ "

စည်းပြောရင်း အရင့်ချွတ်ချခဲ့တဲ့တဘက်နဲ့ အဝတ်ပေတွေကောက်သိမ်းနေတုန်း အရင့်က ပွရှုပ်နေတဲ့အိပ်ယာကို သိမ်းပေးနေတာကြောင့် စည်းလှစ်ခနဲပြုံးလိုက်မိသည် ။ အခုနောက်ပိုင်းတွေ စည်းကိုအိမ်အလုပ်တွေမခိုင်းတတ်သလို စည်းလုပ်ကိုင်နေတာမြင်ရင်လဲ သူပါဝိုင်းကူလုပ်ပေးတတ်သေးတာကြောင့် စည်းအတော်လေးတော့သက်သာပါသည် ။ တစ်ခါတစ်လေ စည်းထက်အရင်စောစောနိုးတဲ့အခါ သားသားအခန်းဆီကူးသွားပီး သားဝေယျာကိစ္စတွေကိုလဲ သူကိုယ်တိုင်ဝင်လုပ်ကိုင်ပေးတတ်သည် ။ ဘာဖြစ်ဖြစ် အခုလိုပြောင်းလဲသွားတော့လဲ စည်းရင်ထဲကျေနပ်ရပါသည် ။

" ထားခဲ့လိုက်တော့ အောက်ဆင်းရအောင် "

စည်းလက်ထဲကအဝတ်တွေယူသွားပီးခြင်းထဲကိုသေချာထည့်ပီးကာမှ စည်းပုခုံးလေးကိုလှမ်းဖက်ကာ အရင့်ကနဖူးလေးကိုနူးညံ့စွာနမ်းရှိုက်လာသည် ။ စည်းပြုံးလိုက်ပီး သူခေါ်တဲ့အတိုင်းပဲပါသွားကာ မီးဖိုခန်းဆီရောက်ခါနီးမှ ပုခုံးပေါ်ကလက်တွေကိုဖြုတ်ချပစ်တာကြောင့် အရင့်မျက်နှာကမှုန်ကုပ်သွားပီး စည်းကိုလှမ်းကြည့်ကာ....

" ဘာလို့လဲ "

" သားသားကော ဝင်းမာတို့ပါရှိနေတာဒီအတိုင်းဝင်သွားလို့သင့်တော်ပါ့မလား "

အရင့်ကအလိုမကျစွာကျစ်ခနဲစုတ်သပ်လိုက်ပီး.....

" အိမ်ထောင်သည်တွေပဲဒီလောက်တော့ရှိမှာပေါ့....ကိုယ့်အိမ်မှာကိုယ်တောင် လွတ်လွတ််လပ်လပ်မနေရရင်....."

" ကိုရင့်အာဏာ....."

" ဟုတ်ပီ စည်းသဘော "

မှုန်ကုပ်ကုပ်နဲ့ထမင်းစားခန်းထဲဝင်သွားတဲ့အရင့်ကို ဝင်းမာကမျက်လုံးလေးပြူးကြည့်နေတာကြောင့်အရင့်မျက်နှာပိုပီးမည်းသည်းသွားရကာ.....

" ဘာကြည့်နေတာလဲ ကြည့်လိုက်ရင်အမြဲပြူးတူးပြဲတဲနဲ့ တစ်စက်ကလေးမှအချိုးမပြေဘူး....အခုကောဘာလဲ လုပ်စရာအလုပ်မရှိဘူးလား "

The Shadow ( Ongoing )Where stories live. Discover now