" ဖေဖေနဲ့ ဒယ်ဒီရေ...... "
အသံဆာဆာလေးနဲ့ပြေးဝင်လာတဲ့သားငယ်ရဲ့အသံလေးက စည်းတို့ရဲ့အိပ်ခန်းထဲဆည်းလည်းလေးတစ်လုံးလိမ့်ဝင်လာသလိုချစ်စဖွယ်လေးဖြစ်နေတာကြောင့် အရင့်ကောစည်းပါပြိုင်တူလှည့်ကြည့်မိလိုက်ကြသည် ။ ကာတွန်းဝမ်းဆက်အဝါရောင်လေးသည် အလင်း၄နှစ်အရွယ်မှာတော့ကွက်တိကျနေပေမယ့် အခုသားငယ်ကိုယ်ပေါ်မှာတော့ပွယောင်းလျက် သားငယ်တစ်ကိုယ်လုံးသေးကွေးစွာမြုပ်နေတော့သည် ။ နဖူးထိပ်မှာစည်းနှောင်ထားတဲ့ ကြက်တောင်စည်းလေးကလဲပြေးလွှားလာရာအတိုင်း ဟိုဒီယိမ်းနွဲ့နေကာ သားငယ်ပုံစံလေးကတကယ့်ချစ်စဖွယ်အတိ ။
" အဲ့လိုမပြေးရဘူးလို့ ဖေဖေပြောထားတယ်လေ....မတော်လို့ချော်လဲရင် သားသားဒဏ်ရာရသွားမှာပေါ့ "
ထိုအခါကျမှသားငယ်က ပြေးလက်စခြေလှမ်းလေးတွေကိုနှေးပစ်ကာစည်းတို့ထိုင်နေတဲ့ခုတင်နားဆီလျှောက်လာသည် ။ပီးမှ မမှီမကမ်းအရပ်ကလေးနဲ့ ခုတင်ပေါ်ကိုဖက်တွယ်တက်လာကာ သူ့ကိုပြုံးကြည့်နေတဲ့အရင့်ကိုယ်ပေါ်တက်ထိုင်လိုက်ပီး......
" မောလိုက်တာ ဒယ်ဒီရယ်....ကိုယ့်ကိုနမ်းပါဦး "
" ဟောဗျာ "
မျက်နှာလေးမော့ချီလျက် အနမ်းတောင်းနေတဲ့ရုပ်ကလေးကနှုတ်ခမ်းလေးတွေပင်ခပ်စူစူဖြစ်နေကာ အိုက်တင်ကတော့လူကြီးလေးဟန်ပန်အပြည့် ။ သားငယ်ကသူ့ကိုယ်သူဘယ်တော့မှ သားသားဒါမှမဟုတ် သားလို့မသုံးနှုန်းပဲ စကားစပြောတတ်ကတည်းကိုယ်ဟုဟာသုံးနှုန်းသည် ။ အဲ့လိုပြောရင် အလင်းကလဲလုံးဝမကြိုက် ။ အလင်းကသူ့ညီကို ကလေးသေးသေးလေးလို ချီပိုးထိန်းကျောင်းချင်သည် ။ ချစ်ခင်စွာနမ်းရှုံ့ချင်သည် ။ ဒါပေမယ့် သားငယ်ဆီက အခုလိုမျိုး ကိုယ်ဆိုတဲ့အသုံးအနှုန်း ဒါမှမဟုတ် လူကြီးအိုက်တင်နဲ့အမူအယာလေးတွေများမြင်တွေ့လိုက်ရပီဆိုရင်.....
" ကိုကိုဘယ်နှစ်ခါပြောရမလဲ....လူကြီးလိုမနေရပါဘူးဆို ကလေးက ကလေးလိုနေပီး ကလေးလိုပဲပြောမှပေါ့....လူကြီးလိုအတုခိုးတာ ကိုကိုမကြိုက်ပါဘူး "
မျက်နှာလေးမဲ့ရွဲ့ပြောပီဆို အလင်းကကလေးလေးဖြစ်သွားကာ ခပ်တည်တည်မျက်နှာလေးနဲ့သားငယ်ကတော့လူကြီးလေးသဖွယ် ။ ထိုအခါသားငယ်ကိုအကြောင်းပြုလို့ အလင်းနဲ့ ဦးခိုက်ရဲ့ရန်ပွဲတွေကပါဆက်လာတော့သည် ။
YOU ARE READING
The Shadow ( Ongoing )
Romanceငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......
