.ခြံထဲမှာရှိတဲ့ တစ်ခုတည်းသော ဒန်းလေးပေါ်ထိုင်ရင်း မေမေက အဝေးတစ်နေရာကို ညို့မှိုင်းတဲ့မျက်ဝန်းတွေနဲ့ ငေးမောနေသည် ။ သူကတော့ မေမေ့ဘေးနားမှာ ငြိမ်ငြိမ်လေးထိုင်ပီး မေမေ့အကြည့်တွေရဲ့ ဦးတည်ရာကိုလိုက်ကြည့်မိပေမယ့် ငေးမောမှင်သက် ရလောက်တဲ့အထိ ဆွဲဆောင်နိုင်တဲ့အရာ တစ်ခုတစ်လေတောင်ရှိမနေပါ ။ တစ်ခါတစ်ရံ အကြောင်းပြချက်မရှိ ငေးငိုင်နေတဲ့မေမေ့ရဲ့ မျက်နှာတစ်ဖက်ခြမ်းကို သူလူမှန်းသိတတ်စကနေ အရွယ်ရောက်လာချိန်အထိ အကြိမ်ပေါင်းများစွာမြင်တွေ့ခဲ့ဖူးသည့်တိုင်အောင် အကြိမ်တိုင်းမှာလဲ သူ့အတွက်အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်လို မေမေ့ကိုသူတစ်ခါမှနားမလည်ခဲ့ဖူးပါ ။
တစ်ခါတစ်ရံမှာ မေမေ့မျက်ဝန်းတွေက ကြည်လင်နေတတ်ပေမယ့် ပျော်ရွှင်မှုဆိုတဲ့ အရိပ်အယောင်ကိုတော့ တစ်ခါမှမမြင်ခဲ့ဖူးသလို စိတ်လိုလက်ရ
ဟက်ဟက်ပက်ပက် ရယ်မောတာမျိုးလဲ တစ်ခါမှရှိခဲ့ဖူးသည်မဟုတ် ။ သူ့အတွက်တော့ ငယ်စဥ်ကတည်းက နားမလည်စွာ အရိပ်တကြည့်ကြည့်ဖတ်ခဲ့ရတဲ့ စာအုပ်တစ်အုပ်ဟာ မေမေပါပဲ ။" မေမေ "
မေမေ သူ့အသံကို ကြားဟန်မတူပါ ။ အချင်းချင်းထွေးဆုပ်ထားတဲ့ လက်တွေကိုသာ တို့ဆိတ်နေရင်း အကြည့်တွေ့ရဲ့ ဦးတည်ရာကို သူ့ဆီလှည့်မလာခဲ့တာကြောင့် မေမေ့လက်မောင်းတွေကို လှုပ်ခါလိုက်ပီး.....
" မေမေ "
" ဟင် "
အသိစိတ်မဲ့နေသူတစ်ယောက် အခုမှသတိဝင်လာဟန်နဲ့ မေမေကမသဲကွဲတဲ့အာမေဋိတ် တစ်ချက်ပြုကာ သူ့ဆီကိုလှည့်ကြည့်သည် ။ မိုင်ပေါင်းထောင်ချီအရပ်ကနေ ခရီးပြင်းနှင်လာရသူလို မေမေ့မျက်နှာက နွမ်းဖတ်မောဟိုက်နေပေမယ့် သူ့ကိုတော့ အားတင်းကာပြုံးပြပီး.....
" သား ဘယ်တုန်းကရောက်နေတာလဲ "
" ကြာပီ မေမေဘာတွေတွေးနေတာလဲဟင် "
" မတွေးပါဘူးသားရယ် ပန်းပင်လေးတွေ.... အင်းဟုတ်တယ် ပန်းပင်လေးတွေသိပ်လှလို့ ကြည့်နေတာ"
သူမေမေ့ရင်ခွင်ထဲ တိုးဝင်ကာ အတင်းဖက်တွယ်တော့ မေမေ့ရဲ့နူးညံ့ပျော့ပျောင်းတဲ့ လက်ချောင်းတွေဟာ သူ့ဦးခေါင်းပေါ် ခပ်ဖွဖွပွတ်သပ်လာပီး.....

YOU ARE READING
The Shadow ( Ongoing )
Romanceငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......