" ဟင့်အင်း ဖေဖေ့ဆီကိုသွားမှာ "
" သားသားရယ် အန်တီနဲ့ ခြံထဲမှာသွားဆော့ကြမယ်လေနော် "
" မဆော့ဘူး သားသားကိုဖေဖေ့ဆီလိုက်ပို့ပေး "
ဝင်းမာ ချော့မော့နေသမျှကို အလင်းက ခေါင်းလေးတွေဘယ်ညာယမ်းလျက် မျက်နှာလေးကပါ ငိုတော့မလို မဲ့ကျနေသည် ။ အစ်ကိုလေးရင့်က ဒီဘက်အခန်းကူးမလာရဘူးလို့ ပြောထားတာကြောင့် အလင်းဂျီကျနေသမျှကို ချော့မနိုင်ဖြစ်နေရပေမယ့် အလိုလိုက်ပီး အစ်ကိုလေးစည်းဆီမသွားရဲပါ ။
အမြဲတမ်း တည်တင်းနေတဲ့မျက်နှာနဲ့ လေသံကအစခက်ထန်နေကာ ကြည့်လိုက်တိုင်း အရှိန်အဝါတစ်ခုခုရှိနေတဲ့ အစ်ကိုလေးရင့်ကို သူမ တုန်နေအောင်ကြောက်ရပါသည် ။ အစ်ကိုလေးစည်းကျတော့ ဘယ်အချိန်ကြည့်ကြည့် မျက်နှာလေးကကြည်လင်နေကာ ပြုံးရယ်လိုက်တိုင်း ကြည့်နေရသူကပါ ကူးစက်ပီးအေးချမ်းသွားရသလို မျက်နှာလေးကလဲ အရမ်းလှပါသည် ။ ဒီလောက်လှပချောမောတဲ့ လူကိုရထားတာတောင် အစ်ကိုလေးရင့်က အမြဲအနိုင်ကျင့်တာကိုတော့ ဝင်းမာဘယ်လိုမှ နားမလည်ပါ။
ဒီအိမ်မှာ အလုပ်သမားဆိုလို့ သူမနဲ့ ခြံစောင့် ဘကြီးအောင်သာရှိသည် ။ သူမ ကတော့ ကလေးထိန်းခြင်းနဲ့ ကလေးဝေယျာဝစ္စတွေပဲ လုပ်ပေးရပေမယ့် အစ်ကိုလေးစည်းကတော့ တစ်အိမ်လုံးသန့်ရှင်းရေးနဲ့ ချက်ပြုတ်တာက အစ ကိုယ်တိုင်ဝင်လုပ်သည် ။တစ်ခါတစ်လေသူမ အစ်ကိုလေးရင့် အဝတ်အစားယူလျှော်ပေးမိတာဖြစ်ဖြစ် အခန်းဝင်ရှင်းပေးမိရင်ဖြစ်ဖြစ်.....
" နင့်အလုပ်နင်လုပ် ငါ့ဝေယျာဝစ္စကို စည်းလုပ်လိမ့်မယ် နောက်တစ်ခါ ဒီအခန်းထဲဝင်မလာနဲ့ "
တစ်ခါအဆူခံရပီးကတည်းက ဝင်းမာ အသည်းထဲထိစွဲနေအောင် မှတ်ထားလိုက်သည် ။
" ဖေဖေ့ဆီသွားမယ် "
" ဟယ် သားသား "
သူမ တားချိန်တောင်မရလိုက်ပဲ အလင်းကအခန်းထဲကနေ လှစ်ခနဲပြေးထွက်သွားတာကြောင့် ဝင်းမာကမန်းကတန်းပြေးလိုက်ရသည် ။ ဆံပင်လေးတွေကို နဖူးထိပ်မှာ စည်းနှောင်ထားတဲ့ အလင်းက ပြေးလိုက်တိုင်း ဆံပင်လေးတွေ တုန်ခါ လှုပ်ရမ်းနေရကာ အစ်ကိုလေးတို့ အခန်းရှေ့ထိရောက်သွားပီး တံခါးကို ဖျတ်ခနဲ ဆွဲဖွင့်သည် ။

YOU ARE READING
The Shadow ( Ongoing )
Romanceငါဟာလွတ်မြောက်ဖို့ ကြိုးစားတိုင်း ဒီနွံထဲမှာပဲ ထပ်ခါထပ်ခါနစ်ရပြန်တယ်.......