Part - 36 ( Unicode )

5K 356 122
                                        

" ကိုကိုရေ ဒီမှာဖုန်းလာနေတယ် "

စက်ရဲ့ခေါ်သံလေးကြောင့် အလင်းခုတင်ပေါ်လူးလိမ့်နေရာမှထထိုင်လိုက်ရ၏ ။ ပီးမှစာကြည့်စားပွဲမှာထိုင်နေတဲ့စက်ကိုလှမ်းကြည့်ကာ....

" ဘယ်သူဆက်တာလဲ "

စက်က စားပွဲခုံပေါ်ကဖုန်းလေးကိုတစ်ချက်ငုံ့ကြည့်ပီး.....

" မသိဘူးလေနာမည်လဲမှတ်မထားဘူး နံပါတ်စိမ်းကြီး "

အလင်းခုတင်ပေါ်ကထကာ စာကြည့်စားပွဲဆီလျှောက်သွားလိုက်ပီးမှ ဖုန်းကိုကောက်ကိုင်လိုက်မိ၏ ။ ထို့နောက် စာရေးနေတဲ့စက်ကိုလဲလှည့်ကြည့်ကာ....

" ပြီးအောင်တွက်ထားနော် ကိုကိုဖုန်းပြောပြီးရင်လာစစ်မှာ "

" အင်းပါ ကိုကိုရဲ့ "

" ဟယ်လို "

" ဟုတ် အလင်းရင့်ရောင်လားဟင် "

" ဟုတ်ပါတယ်ဗျ ဘယ်သူလဲမသိဘူး "

" ကိုယ်ပါ ဦးတိုက်စိုး "

" အော် ဟုတ်ကဲ့ဗျ "

အလင်းခုတင်ပေါ်ကျောမှီထိုင်လိုက်ရင်း ဟိုတစ်နေ့ကအဖြစ်အပျက်ကိုမျက်စိထဲမြင်ယောင်လာမိ၏ ။ထိုအခါ စူးရှတည်တင်းသောမျက်နှာထားနဲ့ ပါးလျသေသပ်သောနှုတ်ခမ်းတို့ကိုဖျတ်ခနဲမြင်ယောင်သွားချိန်မှာတော့ အလင်းမျက်နှာလေးနွေးခနဲဖြစ်သွားကာ လည်ပင်းဆီလက်ကလေးနဲ့ပွတ်လိုက်မိသည် ။

" ကိုယ်ဖုန်းဆက်လို့ အနှောင့်အယှက်မဖြစ်ပါဘူးနော်"

" မဖြစ်ပါဘူးဗျ ရပါတယ် "

" ဒီလိုပါ ကိုယ်ပြောစရာရှိလို့လေ....ဟိုတစ်နေ့ကကိစ္စအတွက်ကိုယ်တကယ်ကျေးဇူးတင်ပါတယ် အဲ့အကြောင်းကိုအိမ်ကလူတွေနဲ့သူငယ်ချင်းတွေကိုလဲပြန်ပြောပြလိုက်တယ်လေ....အိမ်ကမာမီတို့ကလဲကျေးဇူးတင်ကြတယ် ကိုယ့်အမျိုးတွေအားလုံးလဲကျေးဇူးတင်ကြတယ် ပီးတော့သူငယ်ချင်းတွေကလဲကျေးဇူးတင်နေကြတယ် "

" ခင်ဗျာ "

အလင်းဘာဆက်ပြောရမယ်မှန်းမသိပဲအံ့သြမှုကြောင့်ဆွံ့အသွားရတော့၏ ။ ဒီလောက်ကူညီတာလေးကို အဲ့လောက်ကြီးကျေးဇူးဝိုင်းတင်နေတာကြီးကျ အလင်းကိုနေရခက်လာစေသည် ။ထို့နောက် အလင်းတိတ်ဆိတ်သွားတာကိုမှန်းဆမိစွာ ဦးတိုက်စိုးကလှစ်ခနဲတစ်ချက်ပြုံးလိုက်ပီး.....

The Shadow ( Ongoing )Where stories live. Discover now