Part - 37 ( Unicode )

4.8K 318 106
                                        

" ဟာ ပါးပါး "

သူတို့အိမ်ထဲဝင်တာနဲ့သားကပြေးထွက်လာကာ ဦးခိုက်ရဲ့ကိုယ်ပေါ်ခုန်တက်၏ ။ ထိုအခါသူအသာပွေ့ယူလိုက်ပီး သားကိုယ်လုံးလေးကိုလွမ်းဆွတ်စွာဖျစ်ညှစ်လျက်.....

" ​ပါးပါးသားလေးက ပါးပါးကိုမှတ်မိနေတာပဲ....အခုမှပဲအမောပြေသွားတော့တယ်ကွာ "

ထိုအခါသားကရွှင်မြူးစွာရယ်လျက် သူ့လည်တိုင်ကိုအတင်းဖက်ကာမျက်နှာကိုစေ့စေ့လိုက်ကြည့်သည် ။ပီးမှ စိတ်တိုင်းကျကျေနပ်သွားဟန် မျက်နှာလေးမော့လှန်ကာခပ်မိန့်မိန်ပြုံးလျက်.....

" ပါးပါးက အရင်ကထက်တောင်ပိုချောလာတာကိုး....ကိုယ်ပါးပါးကိုအရမ်းသတိရတာပဲသိလား "

ခဲဖျော့ရောင်မျက်ဝန်းတောက်တောက်လေးတွေနဲ့အားတက်သရောပြောနေပုံလေးကြောင့်အသည်းယားစွာ သူပါးလေးကိုချစ်စနိုးဆွဲညှစ်မိ၏ ။ စည်းနဲ့တစ်ထေရာတည်းတူနေတဲ့မျက်နှာလေးဟာ ကြီးလာတော့လဲဒီအတိုင်းလေးမပြောင်းမလဲရှိနေတာမြင်ရတော့ ဘာကြောင့်မှန်းမသိသူ့ရင်ထဲသိမ့်ခနဲဖြစ်သွားရ၏ ။ထို့နောက် သားကသူ့ဘေးမှာရှိတဲ့အလင်းကိုတစ်ချက်လှမ်းကြည့်ပီး....

" ကိုကိုနဲ့ပါးပါးက တူတူပြန်လာကြတာလား...ဘယ်မှာတွေ့လာတာကြတာလဲ "

" ခြံရှေ့မှာတွေ့လာတာပေါ့ကွ....ဒယ်ဒီနဲ့ဖေဖေရောမရှိကြဘူးလား "

" ရှိတယ် ရှိတယ် ခဏလေးနော်ပါးပါး ကိုယ်အခုသွားခေါ်ပေးမယ် "

သားကိုယ်လုံးလေးလိမ်လျက် သူ့ပေါ်ကပြေးဆင်းသွားတဲ့အထိ မျက်စိတစ်ဆုံးလိုက်ကြည့်နေမိ၏ ။ သူ့ရင်ခွင်ထဲမှာပွေ့ချီထိန်းကျောင်းခဲ့ရတဲ့ပေါက်စလေးတောင် ဒီအရွယ်ရှိသွားပီတဲ့လား ။ အင်းပေါ့လေ သူမြန်မာပြည်ကထွက်သွားတာ ၉နှစ်တောင်ကြာခဲ့ပီပဲ ။ အရာအားလုံးဟာ ဒီလိုပဲမြန်မြန်ဆန်ဆန်ပြောင်းလဲသွားခဲ့သလို နောက်ကျိမှုန်မှိုင်းခဲ့တဲ့သူ့စိတ်တွေသည်လဲ ကြည်စင်ငြိမ်သက်ခဲ့ရပီမလား ။ ပြီးမှ သူ့ဘေးမှာငြိမ်သက်စွာရပ်နေတဲ့အလင်းဘက်ကိုစောင်းငဲ့ကြည့်ကာ....

" ဘေဘီ "

တိုးတိတ်သောသူ့ခေါ်သံကိုပင် အလင်းကထိတ်လန့်သွားဟန် ဆတ်ခနဲတုန်သွားတာကြောင့် မျက်စိရှေ့ကခေါင်းလုံးလုံးလေးကိုညင်သာစွာပွတ်သပ်ပေးလိုက်မိ၏ ။ အိထွေးနူးညံ့သောဆံနွယ်လေးတွေသည် လက်ဖျားရဲ့အထိအတွေ့မှတစ်ဆင့်သူ့နှလုံးယားကိုပါယားယံသွားစေပီး သူအသည်းယားစွာခပ်ကြမ်းကြမ်းဆွဲဖွပစ်တော့အလင်းကမျက်လုံးလေးတွေဝိုင်းလျက်မော့ကြည့်သည် ။ ထိုအခါညိုစိမ့်သောမျက်ဆံဝိုင်း​လေးတွေသည် ဖြူစင်နှစ်သက်ဖွယ်အရိပ်အယောင်​လေးတွေသာ အုံဖွဲ့တည်ရှိနေပီး မျက်တောင်ရှည်တို့ဝန်းရံထားပုံက အံ့သြစရာကောင်းလောက်အောင်သိပ်လှ၏ ။ ငယ်စဥ်က ခပ်စူးစူးအကြည့်လေးတွေဟာ အခုတော့နူးညံ့စွာနဲ့တောက်ပနေပီး ရိုးသားဖြူစင်မှုကိုသာအလင်းမျက်နှာတစ်ခုလုံးမှာမြင်တွေ့နေရ၏ ။ သူ့ပုခုံးလောက်သာရှိတဲ့ကောင်လေးက သူ့မျက်နှာကိုပင်ပန်းစွာမော့ငေးနေရကာ နှုတ်ခမ်းလုံးလေးတွေခပ်ဟဟပွင့်နေတာမြင်တော့ သူဖျတ်ခနဲအကြည့်လွှဲလိုက်ရသည် ။ ဟုတ်တယ် အဲ့နှုတ်ခမ်းတွေ ၊ ရဲစွေးဖောင်းကြွသော ထိုနှုတ်ခမ်းလေးတွေဟာ စည်းနဲ့သိပ်တူလိုက်တာ ။

The Shadow ( Ongoing )Où les histoires vivent. Découvrez maintenant