Part - 20 ( Unicode )

8.7K 481 28
                                        

မှောင်ပိတ်နေတဲ့ အခန်းကျဥ်းတစ်ခုထဲ သူခြေစုံရပ်ရင်း စမ်းတဝါးဝါးနဲ့ အနီးအနားမှာ တစ်စုံတစ်ရာများရှိမလားစမ်းနေတဲ့လက်တွေဟာ လေဟာနယ်ရဲ့အထိအတွေ့ကိုသာ ဖမ်းဆုပ်မိသည်  ။ မဟုတ်ဘူး အခန်းကျဥ်းတစ်ခုလို့ သူ့စိတ်ထင်နေတာဖြစ်ပါလိမ့်မည် ။ လွင်ပြင်ကျယ်တစ်ခု ဒါမှမဟုတ် အမှောင်ထုသိပ်သည်းတဲ့ နေရာတစ်ခုခုလဲ ဖြစ်ကောင်းဖြစ်နိုင်ပါသည် ။

ဒီနေရာမှာ အကြာကြီးရပ်နေခဲ့တာတောင် သူ့မျက်ဝန်းတွေက ခုချိန်ထိအသားမကျသေးပဲ မြင်မြင်သမျှကအရာအားလုံးက အမှောင်ထုကလွဲရင် တစ်ခုတစ်လေတောင် မှိန်ဖျော့စွာ မြင်မနေရပါ ။ ဒါ ဘယ်လိုနေရာကြီးလဲ သူတကယ်မကြိုက်လိုက်တာ ။

ဒီအမှောင်ထုထဲကနေ တစ်စုံတစ်ခုသောအရာသူ့ဆီပြင်းပြင်းထန်ထန် ထိခတ်လွင့်စင်လာမလားကို တွေးမိပီးကြောက်လာတယ် ပီးတော့ မွန်းကြပ်လှောင်ပိတ်နေတာကိုလဲ သူမုန်းတယ် ။

" တစ်ယောက်ယောက် ဖြစ်ဖြစ်....."

အသံသည်သူ့လည်ချောင်းထဲကနေ ထွက်မလာခဲ့ပါပဲ သူ့အသိစိတ်တွေထဲမှာတင်ပျောက်ကွယ်သွားကာ ဦးနှောက်ဆီကို ထပ်ဖန်တလဲလဲရိုက်ခတ်လာတာကြောင့် သူလန့်သွားမိသည် ။ ခြေလှမ်းတွေကိုလဲ ဆက်မလှမ်းရဲ နောက်ထပ်တစ်ခုခုပြောဖို့လဲ မတတ်နိုင်ပါပဲ သူနေရာမှာတင်ရပ်နေမိသည် ။ ကျေးဇူးပြုပီး တစ်ယောက်ယောက် သူ့ကိုဒီနေရာကြီးကနေ ကယ်ထုတ်သွားပါစေ ။

" သားရယ်....."

အနောက်နားဆီက ကြားလိုက်ရတဲ့ နူးညံ့တဲ့အသံသည် ကျိန်းသေပေါက် မေမေပင် ။ သူသိပ်ပျော်သွားရကာ အမှောင်ထဲမှာ မမြင်နိုင်မှန်းသိပေမယ့် သူ့လက်တွေကို မေမေရှိမယ့်ဘက်ဆီ ဆန့်တန်းလိုက်ပီး.....

" မေမေ ကိုယ့်ကိုဒီကနေကယ်ထုတ်သွားပေးပါ "

ဒီတစ်ခါတော့ သူ့အသံသည် အောင်မြင်စွာ ထွက်လာခဲ့ပီဖြစ်သည် ။ဒါပေမယ့် မေမေ့အသံကို သူထပ်မကြားရတော့သလို သူမျှော်လင့်ထားသလို သူ့လက်တွေကိုလဲ မေမေထွေးဆုပ်မလာခဲ့ပါ ။ တစ်ယောက်တည်းဖြစ်သွားပြန်ပီ ဆိုတဲ့အသိနဲ့ သူဝမ်းနည်းစွာ မျက်ရည်တွေကျမိတော့ နူးည့တဲ့လက်အစုံက သူ့ကျောပြင်ကိုယှက်တွယ်ကာ ပွေ့ဖက်လာသည် ။

The Shadow ( Ongoing )Donde viven las historias. Descúbrelo ahora