Part - 68 [Uni&Zaw]

13.9K 910 145
                                    

Unicode

"ကျုပ်ကတော့ သဘောမတူဘူး"

ဇမ်းအသံက အလိုမကျမှု့တွေသိသာစေရန် တင်းမာလျက်ရှိသည်။လူထက်အရင် အသံကရောက်လာတာမို့ ဇမ်းရှိရာဆီအားလုံးကိုလှမ်းကြည့်သည်။ထိုအခါ ဇမ်းက လက်ပိုက်ရင်း နံရံကိုခပ်နွဲ့နွဲ့မှီနေရာကနေ ညွှန်းတို့ရှိရာဆီခပ်ဖြေးဖြေးလျှောက်လာ၏။မဝတ်စဖူး စပိုးရှပ်အဖြူပေါ်က အဖြူနဲ့အနက်စင်း လက်ရှည်တစ်ထပ်ကိုထပ်ဝတ်ထားတာကြောင့် ဇမ်းပုံစံက သန့်ပြီးကြည်စင် နေသည်။ခြံထဲမှာမို့ တသော့သော့တိုက်လာသည့်လေညင်းကြောင့် ဇမ်းရဲ့ အပေါ်အင်္ကျီခါးစတို့က တစ်ချက်တစ်ချက် လူးလူးလွန့်လွန့်ဖြစ်နေသေးသည်။

"ညွှန်းက အခုမှ နေကောင်း‌ကာခါစရှိသေးတာ....၊ခရီးဝေးသွားဖို့ကိုကျုပ်ခွင့်မပြုဘူး"

ဇမ်းရဲ့ထပ်ပြောတဲ့စကားအဆုံးမှာ စက်ရှိန်နဲ့တုတု တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိသွားသည်။တုတုက လက်ထဲကဖိုင်လေးကို ရင်ခွင်ထဲတင်းနေအောင်ထည့်ကိုင်ပြီး ခေါင်းငုံ့ကာနူတ်ခမ်းလေးမဲ့သည်။စက်ရှိန်က ညွှန်းကိုလှမ်းကြည့်လာတော့....၊

"ငါက ဖျားတာနာတာလည်းမဟုတ်ဘဲ ဇမ်းရာ"

"ဖျားတာထပ်ပိုဆိုးတာဖြစ်ထားတာကို ကောင်းပြီဆိုတိုင်းကောင်းပစ်လို့မရဘူး....၊ပြီးတော့ ခြေထောက်က အခုမှအဆင်ပြေစရှိသေးတာ"

ဇမ်းမျက်ခုံးတွေကအလိုမကျသလိုတွန့်ချိုးနေသည်။

ဟိုတစ်ခေါက်က ကိုနေနဲ့ညွှန်းတို့ ပူးတွဲလုပ်ထားတဲ့ပရော့ဂျက်က နောက်ဆုံးအခေါက်ညှိ့နှိုင်းလက်မှတ်ထိုးဖို့အတွက် တောင်ကြီးကိုသွားရမှာဖြစ်သည်။စပြီး လုပ်ဆောင်ကတည်းက နှစ်ယောက်သားပူးတွဲလုပ်ဆောင်ခဲ့တာမို့ လက်မှတ်ထိုးဖို့ကို နှစ်ယောက်လုံးပါမှအဆင်ပြေမှာဖြစ်သည်။အခုလို ဇမ်းကန့်လန့်တိုက်နေပုံနဲ့ဆို အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ဖွယ်တွေဖြစ်ကုန်မည်။

"ဒါပေမယ့် ဒီအလုပ်က ငါမပါလို့လုံးဝမဖြစ်ဘူး ဇမ်း"

"ကျုပ်ဘက်ကလည်း ခင်ဗျားကိုလုံးဝထည့်မပေးနိုင်ဘူး...၊သွားရမဲ့နေရာက ဝေးတဲ့အပြင် ခင်ဗျားတစ်ယောက်ထဲက်ုပေးသွားဖို့ဆိုတာက...."

You are My BoneWhere stories live. Discover now