Unicode
"အတူပူပေါင်းဆောင်ရွက်ရလို့ ဝမ်းသာပါတယ် ကိုထွဋ်"
"အတူတူပါပဲ ကိုနေ....၊ဒါနဲ့ ဒီအသေးလေးက ကိုနေ လက်ထောက်လေးလား....၊သေးသေးလေးနဲ့အသွက်လေးနော်"
ထွဋ်မင်းက တုတုကိုကြည့်ရင်း မေးတော့ စက်ရှိန်ကရယ်ရင်းခေါင်းညိမ့်ပြသည်။
"အစကတော့ အလုပ်သင်ဆိုပြီးခေါ်ထားတာ အခုကျွန်တော်ကဘယ်သွားသွားခေါ်သွားနေတော့ ကျွန်တော့ PAတစ်ပိုင်းတောင်ဖြစ်နေပြီ ကိုထွဋ်ရေ"
"ကောင်းတယ် ကိုနေရေ....၊အလုပ်မှာဆိုတော့ ငယ်ရွယ်ပြီးသွက်လက်နေမှ အလုပ်လုပ်ရတာတွင်တာ"
"အဲ့တာတော့အမှန်ပဲ ကိုထွဋ်"
စက်ရှိန်နဲ့ထွဋ်မင်းစကားပြောနေတုန်း ညွှန်းကစာချုပ်ဖိုင်တွေကို တုတုဆီလွှဲပြောင်းပေးသည်။ပြီးနောက် ခုံပေါ်ကထရပ်လိုက်ကာ ကိုထွဋ်မင်းကိုပြုံးပြလိုက်ရင်း.....၊
"အတူပူးပေါင်းဆောင်ရွက်ပေးလို့ကျေးဇူးပါ ကိုထွဋ်မင်း"
"ရပါတယ် ကိုညွှန်းစာစီဖွဲ့....၊ကိုနေတို့၊ကိုညွှန်းစာစီဖွဲ့တို့လို တော်တဲ့စီးပွားရေးသမားတွေနဲ့အလုပ်တွဲလုပ်ရတာ ကျွန်တော်အတွက် ကောင်းမွန်တဲ့အရာပါပဲ"
စာချုပ်တွေလက်မှတ်ထိုးပြီးနောက်မှာ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲနူတ်ဆတ်ရင်း ရယ်မောကာ စကားဝိုင်းကိုလက်စသတ်သည်။ထို့နောက်အခန်းထဲကနေအသီးသီးပြန်ထွက်လာကာ စာချုပ်ဖိုင်ကိုတော့ တုတုကရင်ခွင်ထဲ ထည့်ပိုက်ထားသည်။အလုပ်ကိုအောင်အောင်မြင်မြင် လက်တွဲလာနိုင်ခဲ့တာမို့ သုံးယောက်လုံးကရွင်ရွင်ပျပျရှိနေသည်။
"မနက်ဖြန်က Decemberနောက်ဆုံးရက်နော်...၊နှစ်ကူးကို တောင်ကြီးမှာပဲ ကူးမလား ဒါမဟုတ် ရန်ကုန်ပြန်ဆင်းမလား"
"ရန်ကုန်ကို အားချင်းပြန်ဆင်းရင် အကုန်လုံးခရီးပန်းသွားလိမ့်မယ်ထင်တယ်"
"ဒါဆို ကလောကိုသွားကြမလားဟင်....၊လမ်းလည်းသင့်တယ်ဆိုတော့"
တုတုက အားတက်သရောသွားဖို့နေရာကိုထောက်ခံအတည်ပြုသည်။တုတုစကားဆုံးတော့ ညွှန်းက ခေါင်းလေခပ်ဖြေဖြေးညိမ့်ရင်း.....၊
YOU ARE READING
You are My Bone