Part - 71[Uni&Zaw]

13.1K 809 42
                                    

Unicode

"ကျွန်တော်ဖုန်းဆက်တုန်းကတောင် အဆင်ပြေတယ် လွတ်သေးတယ်လို့ ပြောထားပြီးတော့...."

မတိုးမကျယ်တုတုအသံက စိတ်ရှုပ်ထွေးနေကြောင်း လွန်မင်းစွာသိသာနေသည်။စိတ်အခြေအနေမှန်သမျှ သိုဝှက်ထားလို့မရဘဲ မျက်နှာထက်မှာပေါ်တတ်တဲ့လူမျိုးမို့ အလိုမကျစွာ ကုတ်ချိုးနေသောမျက်ခုံးတန်းလေးတွေက မည်သူ့ကိုမျှအားနာမှူမရှိ။

"အကိုလည်း တကယ်ကိုတောင်းပန်ပါတယ်ကွာ....၊မင်းဖုန်းဆက်တဲ့အချိန်အထိ တကယ်ကို လွတ်နေသေးတာ"

"အဲ့တော့ ပြောချင်တာက အခုမှနေ့ချင်းညချင်းလူပြည့်သွားတာလို့လား"

နှစ်သစ်ကူးညအမှီ ကလောကိုပြန်ဆင်းလာခဲ့တာဖြစ်သည်။

အချိန်က ညနေအတော်စောင်းလုပြီဖြစ်ကာ တောင်ပေါ်မှာ‌မို့ ဒီအချိန်နေရာအပြေးအလွှားရှာဖို့ဆိုတာ မဖြစ်နိုင်။ရွာထဲကရွာသားတွေဆီမှာပဲ ဝင်တည်းရတော့မဲ့အနေအထား။သို့သော် ဤအခြေအနေသည်.....၊

"ဟို Blue House လေးကရော"

တုတုရှေ့မှာစကားဖို့တာစုနေတုန်း ဦးစက်ရဲ့ခပ်ဖျော့ဖျော့လေသံကြောင့် ထိုနေရာကိုကြည့်မိသည်။အထပ်နိမ့်နှစ်ထပ်ဘန်ဂလိုလေးဖြစ်သည်။အပေါ်ထပ်မှာ လသာဆောင်အလွတ်ရှိပြီးမှန်လက်တန်းတွေကာထားသည်။အိမ်အရောင်က ပြာလွင်လွင်လေးဖြစ်ကာ ထိုင်ခုံနဲ့အလှဆင်ပစ္စည်းတော်တော်များများကိုအပြာရောင်လေးတွေပဲသုံးထားသည်။အိမ်ပုံလေးကြည့်လိုက်တာနဲ့ ရင်အေးသွားစရာရိုးရိုးရှင်းရှင်းလေးပင်။

"အဲ့တာက......"

"အကိုဇမ်း....."

အသံလေးမပွင့်တပွင့်က နောက်ပါးဆီမှထွက်လာတာ ခပ်တိုးတိုး။ရင်းနှီးနေသည့်အသံကြောင့် ဇမ်းရော ညွှန်းကအရင်လှည့်ကြည့်မိသည်။ပြီးမှကျန်တဲ့သူများအကြည့်တို့ နောက်ပါးဆီအသီးသီးရွေးလျားကုန်သည်။ရင်းနှီးနေသော မျက်ဝန်းနဲ့ ထိုလူသည်......၊

"ရှင်းခေတ်စေစား...."

"ရှင်း...."

ဇမ်းနဲ့ညွှန်း ခပ်တိုးတိုးရေရွတ်မိကာ  တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြသည်။အနည်းငယ်မှောင်လာတာကြောင့် ဝန်းထဲမှာ မီးရောင်တို့က အတော်ပင်အလင်းဖြာနေပြီဖြစ်သည်။ယုန်မွေးဆွယ်တာအပြာလေးကို စတိုင်ပန်အဖြူနဲ့တွဲဝတ်ထားသည့်ရှင်းခေတ်စေစားက အအေးပိုမှု့ကြောင့်ထင် နှာသီးဖျားနဲ့ နှာရွက်ဖျားတို့ကရဲနေသေးသည်။

You are My BoneWhere stories live. Discover now