Part - 74 [Uni&Zaw]

10.6K 723 95
                                    

Unicode

"Dark"

"အင်း"

"မင်း အဆင်သင့်ပဲလား"

"အင်း....၊ဒီတစ်ပတ်အတွင်းစထွက်နိုင်အောင်လုပ်မလို့....၊ငါ့လူလည်း အတော်သက်သာလာပြီဆိုတော့"

ကလောကပြန်လာကတည်းက သူ့လူခရီးပန်းပြီးဖျားနေခြင်း။ထို့ကြောင့် ဇမ်းသွားဖို့လာဖို့ကို လမ်းကြောင်းစီစဥ်တာကတစ်ဖက်သူ့လူကိုပြုစုတာကတစ်ဖက်နှင့်အချိန်နည်းနည်းကြာနေခြင်းပင်။သို့သော် တစ်ဖက်မှာလည်း အချိန်ထပ်ဆွဲလို့မရသည့်အကြောင်းအရာတွေရှိနေတာကြောင့် ဇမ်းပြင်ဆင်စရာတွေကိုအမြန်ပြင်ဆင်နေရသည်။ထို့အပြင်သူ့လူကလည်း အတော်ပြန်ကျန်းမာလာပြီဖြစ်သည်။

"လမ်းကြောင်းအခြေအနေရော အဆင်ပြေတယ်မလား"

"အင်း.....၊တီးတိန်မှာအရင်ခြေကုတ်ယူပြီး ဖလမ်းဘက်ကို လမ်းကြောင်းတစ်ခါပြန်ကြည့်ရမယ်....၊K ပြောပုံအရဆို ပင်မစခန်းက ဖလမ်းနဲ့တီးတိန်ကြားက လမ်းအသင့်မှာပဲ.....၊အဲ့တာကြောင့် တီးတိန်မှာအခြေယူပြီး ဖလမ်းဘက်ကို စုံစမ်းရမယ်....၊ဒါပေမယ့် အဲ့တာမတိုင်ခင် အရင်ဆုံး ဖလမ်းက ဘုရားကျောင်းကိုသွားရမယ်....၊ရှင်းရဲ့နောက်ဆုံးခြေရာကောက်ကြောင်းက အဲ့မှာအဆုံးသတ်တာ"

"အင်း......၊မင်း ကိုညွှန်းအတွက်ရောစီစဥ်စရာရှိတာတွေစီစဥ်ပေးပြီးပြီလား"

"အင်း.....၊အကုန်ပြီးပြီ"

ညွှန်း သူ့နောက်လိုက်မည်ဟုအတည်ပြုကတည်းက ဇမ်းလိုအပ်သမျှကိုအကုန်စီစဥ်လုပ်ဆောင်ထားပြီးဖြစ်သည်။ထို့အပြင် လိုလိုမယ်မယ် စီစဥ်ခဲ့သောထိုအရာလေးကပင် သူ့အတွက်အဆင်ပြေစွာအံဝင်ဂွင်ကျရှိသွား၏။

"Dark!"

"အင်း!"

"သတင်းတစ်ခုရှိတယ်"

King အသံကသတိအနေအထားနဲ့သိုသိုသိပ်သိပ်မို့ ဇမ်းအသေအချာအာရုံစိုက်လိုက်သည်။

"Black Dragon(အနက်ရောင်နဂါး)"

"..........."

"မင်းသိတယ်မလား"

ဇမ်းအသံတိတ်နေတာမို့ Kingကထပ်မေးသည်။

Black Dragon(အနက်ရောင်နဂါး) ကိုဇမ်းသိပါသည်။အရှေ့နိုင်ငံတွေအတော်များများမှာ နာမည်ကြီးတဲ့ အင်အားကြီးလက်နက်မှောင်ခိုဂိုဏ်းတစ်ခုဖြစ်သည်။နိုင်ငံကြီးတော်တော်များများရဲ့အစိုးရအဖွဲ့တွေနဲ့တောင်ချိတ်ဆက်ကာ လက်နက်အရောင်းအဝယ်ကို သာမန်အလုပ်လိုလုပ်နေသည့် ဂိုဏ်းတစ်ခုဆိုလည်းမမှား။ပြီးတော့ ထိုဂိုဏ်းရဲ့အုပ်စီးသူ အရှင်သခင်သည်လည်း.....၊

You are My BoneWhere stories live. Discover now