-2-

294 31 1
                                    

[Unicode]

သူပြန်ရောက်သည်နှင့် သန့်ရှင်းသောအဝတ်ကိုချွတ်ကာ ဝတ်နေကျ အပေတစ်ထည်နှင့် လဲဝတ်ပြီးမှ မီးဖိုချောင်ဆီ ပြန်ဝင်သည်။

သူဝင်သွားပြီးနောက် ဇွန်းကိုင်‌နေသော၊ ဆားထည့်နေသော၊ အလုပ်လုပ်နေသော သူတို့က လုပ်လက်စများအားရပ်လိုက်ကြပြီး သူ့အား ဒုက္ခရောက်ရ၍ဝမ်းသာနေရသောအကြည့်တို့ဖြင့် ဝိုင်းကြည့်ကြလေသည်။

လီချိန်ရှို့ သူ့ကိုယ်သူ လူအများနှင့် ရေစက်မကောင်းမှန်း သိပါသည်။ သူရှင်သန်လာသမျှ ဘဝတစ်လျှောက်မှာ အပေါင်းအသင်းကောင်းဆိုတာမျိုးက ဘယ်တုန်းကမှ မတည်ရှိဖူးခဲ့။ သူနေထိုင်သည့်နည်းလမ်းက သူ့ကိုယ်သူ တစ်ချိန်လုံး ထုပ်ပိုးထားပြီး စကားပြောဖို့မလိုလျှင် တတ်နိုင်သမျှ မပြော၊ ဆက်ဆံဖို့မလိုလျှင် လုံးဝအဆက်အသွယ်မလုပ်ဘဲ အားလုံးက သူ့ကို မေ့ထားမှသာ သူလွတ်လပ်စွာ နေနိုင်သည်ဟု ယူဆသည်။

သူ့လိုလူမျိုးက လူမြင်ကတ်ခံရလွယ်၏။ ထို့ကြောင့် သူ့တည်ရှိမှုကို အနိမ့်ဆုံးအဆင့်ထိ လျှော့ချထားလျှင် ပို၍ လုံခြုံသည်ဟု ဆိုရပေမည်။

သူက နှုတ်ဆိတ်၍ အများကိုဆက်ဆံရခြင်းကို နေသားကျနေပြီဖြစ်ပြီး သူများကလည်း သူ့ကို နှုတ်ဆိတ်၍ ဆက်ဆံကြသည်သာ။

သည်နေရာတွင် သိပ်မတူသည်က လူအချို့က သူ့အပေါ်ထားသော သဘောထားမှာ အထင်အမြင်သေးမှုအပြင် ရန်သူအလား သဘောထားနေသညိကို သူခံစား၍ရပါသည်။

သူ ရှိန်းကျန့်ကို ရောက်သည်မှာ ဆယ်နှစ်ရှိပြီ။ အစတွင် တောက်တိုမယ်ရ ရသမျှလုပ်လာရင်း သူ့အပေါ်ကောင်းသော ဆရာတစ်ယောက်နောက် လိုက်ရာမှ သည်ဟိုတယ်မှာ အလုပ်ရခဲ့တာ‌ဖြစ်သည်။

သူဌေးက လွန်ခဲ့တဲ့ သုံးလကမှ သည်ဟိုတယ်ကို အသစ်ဖွင့်လိုက်တာဖြစ်သည်။ ပင်လယ်ပြင်မြင်ကွင်းဟိုတယ်ဖြစ်သည်နှင့်အညီ ပထမတစ်သုတ် ပြောင်းလာခွင့်ရသော အလုပ်သမားများရသည့် အခွင့်အရေးကောင်းက ပိုများကြသည့်အပြင် အနာဂတ်တွင် ပိုကောင်းသော တိုးတက်လမ်းတို့ ရှိ၏။

မူလပထမ လူသစ်ရွေးတုန်းကလည်း အားလုံးက အလုအယက်။ သူက သူဌေးချန်လက်အောက်မှာ အလုပ်လုပ်ခဲ့တာ ငါးနှစ်ကျော်ဖြစ်သည့်အပြင် ကြိုးစားမှုကလည်း သိပ်မဆိုးတာကြောင့် ဝန်ထမ်းတစ်ဦးနှင့်အတူ လက်ထောက်စားဖိုမှူးရာထူးဖြင့် ရွှေ့ပြောင်းခံရခြင်းဖြစ်သည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now