-19-

179 16 0
                                    

[Unicode]

ထိုနေ့က ရှောက်ချွင် အကြာကြီးနေမသွားပါ။ သူ့ကိုဖက်ကာ စကားခဏပြောပြီးတာနှင့် ပြန်သွား‌သည်။

မျက်စိတစ်မှိတ်တွင်းမှာပင် ညစာစားပွဲနေ့က ရောက်လာခဲ့သည်။

လီချိန်ရှို့ မနက်လေးနာရီကတည်းက အိပ်ယာထဖြစ်သည်။ ရှောက်ချွင်ကတော့ ထိုအချိန် အိပ်ယာမထသေး။ သို့သော် ဒရိုင်ဘာလွှတ်၍ သူ့အားလာကြိုစေကာ ရှိန်းကျန့်ဆိပ်ကမ်းသို့ လိုက်ပို့စေသည်။ အစီအစဉ်က ရှိန်းကျန့်ဆိပ်ကမ်းမှ ဟောင်ကောင်သို့ ထွက်ခွာမည်ဖြစ်သည်။

သူရှိန်းကျန့်ဆိပ်ကမ်းသို့ရောက်စဉ်တွင် ခြောက်နာရီရှိနေပြီဖြစ်ပြီး မိုးလင်းနေလေပြီ။

ကားကို ရေယာဉ်အနားရပ်ထားခဲ့ရသည်။ သူ့အား သင်္ဘောပေါ်မှလာကြိုသူရှိပြီး တစ်ခြား အလုပ်သမားတွေလဲ အလျှိုအလျှို ရောက်လာကြပြီဖြစ်သည်။

မျက်စိရှေ့တွင် အဖြူရောင်သင်္ဘောများ ဆိပ်ကမ်းတွင်တန်းစီနေကာ ဝေ့ဝဲကြည့်လိုက်ရုံနှင့် ရှိန်လောက်စရာဖြစ်နေသည်။

တာဝန်ရှိသူက သူတို့အား လမ်းပြပေးကာ ခမ်းနားသောသုံးထပ်သင်္ဘောရှေ့တွင် ရပ်လိုက်သည်။ ဘေးတိုက်အလျားက မီတာသုံးဆယ်ကျော်လောက်မည်။ လီချိန်ရှို့သည် မျက်စိရှေ့မှ ဖြူဖွေးကြီးမားသောယာဉ်ကိုကြည့်ရင်း ‌တမော့တမောဖြစ်နေမိသည်။

တာဝန်ရှိသူက ဂုဏ်ယူလိုဟန်ဖြင့် ရှင်းပြသည်။

"ဒီသင်္ဘောက လူလေးငါးဆယ်ဆန့်ပါတယ်။ ပြည်တွင်းမှာတော့ ဒီလောက်တင်နိုင်တဲ့ အပျော်တမ်းသင်္ဘောမျိုးကရှားတယ်"

ပတ်ဝန်းကျင်မှ လူများအားလုံးက ငေးမောအားကျကြရုံသာ။

လီချိန်ရှို့သည် သူတို့နောက်လိုက်ပြီး သင်္ဘောပေါ်တက်လိုက်သည်။

ရှောက်ချွင်က သူ့ကိုပြောဖူးသည်။ လာမည့်သူများအားလုံးက အရေးကြီးဧည့်သည်တွေချည်းပဲဖြစ်ပြီး အရာအားလုံး သန့်ရှင်းကောင်းမွန်ရမည်တဲ့။

လူလေးဆယ်ကျော်အတွက် ဟင်းပွဲပြင်ဆင်ဖို့ဆိုတာက ပြီးပြည့်စုံဖို့လဲလိုသလို သန့်ရှင်းရေးကအစ အကုန်အလုပ်ရှုပ်ရသည်။ သူတို့မှာ အပျော်စီးသင်္ဘောပေါ် လိုက်စပ်စုနေဖို့အချိန်မရှိ၊ ချက်ချင်း မီးဖိုချောင်ဝင်ပြီး လုံးပမ်းရတော့သည်။

ကနွဲ့ကလျ (ဘာသာပြန်)Unde poveștirile trăiesc. Descoperă acum