-47-

196 18 0
                                    

[Unicode]

လီချိန်ရှို့တို့သုံးယောက် အိမ်ထဲတွင် ပျော်ပျော်ရွှင်ရွှင် နှစ်သစ်ကူးစဉ် ရှောက်ချွင်မှာတော့ ကားထဲတွင် တစ်ယောက်တည်းထိုင်နေရင်း ပြတင်းပေါက်မှ အလင်းရောင်ကို ငေးနေရသည်။

နှစ်ကုန်ရက် သုံးဆယ်ရက်နေ့၌ သူ့အိမ်က မိုးမီးလောင်မတတ် ဆက်သွယ်နေသော်လည်း ဖုန်းပိတ်ထားလိုက်သည်။ ဘယ်သူနှင့်မှ မဆက်သွယ်ချင်တော့။

လီဝိန်ရွှင့်နှင့်တာ့လိသည်လည်း အိမ်ပြန်နှစ်သစ်ကူးကြပြီဖြစ်ရာ သူ့တစ်သက်တာတွင် ပထမဆုံး တစ်ကိုယ်တည်း နှစ်ကူးရခြင်းပေ။အရင်ကတော့ နှစ်ကူးပြီဆို ဖုန်းလက်ခံရလွန်းလို့ လက်တွေပါပျော့သည်အထိ။

လီရှော့နောက် လိုက်နေသူများထံမှ လီချိန်ရှို့တည်နေရာကို သိလာပြီးနောက် သူဒီအိမ်အောက်တွင် မစားမသောက်ပဲ ထိုင်ကြည့်နေသည့်မှာ တစ်ရက်ပင်ပြည့်လုပြီ။

သူဘာမှ လုပ်ချင်တာမရှိ။ သူနည်းနည်းလေးပဲဖြစ်ဖြစ် အနီးနားကပ်ချင်ရုံလေးပါ။

ဒီနေ့တော့ သူတက်သွားပြီး ပြဿနာမရှာချင်တော့။ ပထမအနေနှင့် သူ လီရှော့နှင့်လီချိန်ရှို့ ရင်းနှီးပူးကပ်နေမှာကို သူမမြင်လို ၊ ဒုတိယက သူ့ကို နှစ်သစ်တောင် ကောင်းကောင်းကူးခွင့်မပေး၍ သူ့အား အတင်းနှင်မှာကိုလည်း ရင်မဆိုင်ချင်။

သူ ထို ဖြာကျနေသော အဝါရောင်အလင်းကို ငေးရင်း လီချိန်ရှို့ဘာများ လုပ်နေမလဲ တွေးနေမိသည်။

ဧပရွန်ကို ခါးမှာပတ်ပြီး မီးဖိုခန်းထဲ တလှုပ်လှုပ်နှင့် အနံ့အရသာပြည့်စုံသော ဟင်းတစ်ခွက်ကို ပြင်ဆင်နေမည်လား။

တီဗွီထဲမှ အပေါစားပစ္စည်းလေးများ ရောင်းထွက်တာမြင်၍ ကြည့်ရင်း ပျော်ရွှင်နေမည်လား။

သူဘယ်လောက်တောင်မှ သူနှင့်အတူ နွေးနွေးထွေးထွေးနှစ်ကူးချင်နေခဲ့တာလဲ။

ရှောက်ချွင်သည် မိမိ ကျိန်စာမိနေပြီဆိုတာ သိသည်။

လီချိန်ရှို့ ထွက်သွားကတည်းက တစ်ခြားသူချက်တာဆို နှစ်လုတ်သုံးလုတ်ပင် မြိုမကျ။ ဘယ်လောက်လှတဲ့ ယောင်္ကျားလေးပဲတွေ့တွေ့ သူစိတ်မဝင်စား။ ရေခဲပြင်လို အေးစက်နေသော ခုတင်ထက် လက်ဆန့်လိုက်တိုင်း သူမရှိတဲ့ညတွေမှာ တစ်ကိုယ်တည်းအိပ်ရ၍ အိပ်မပျော်နိုင်ဟု ဘာကြောင့်ဆိုကြသလဲ နားလည်လာသည်။ ဒီလူအပေါ် ငြိတွယ်နေမှုအတွက် သူ့ကိုယ်သူ ကြောက်လန့်လာသည်။ သူ့နှလုံးသားထဲက အချက်ပေးသံက ကျယ်လောင်နေသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်၍ မရနိုင်တော့။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now