-37-

187 17 0
                                    

[Unicode]

လီချိန်ရှို့သည် တစ်နေကုန် အပြင်တွင် လျှောက်သွားနေခဲ့ပြီး နေဝင်သွားတော့မှ မပြန်မဖြစ်ပြန်ခဲ့ရသည်။

မျက်စိရှေ့မှ ခမ်းနားသောအိမ်ကိုကြည့်ရင်း ထွက်ပြေးလွတ်မြောက်ချင်စိတ် မွေးဖွားလာရသည်။

သူ ရှောက်ချွင်ကို မြင်လျှင် ဘယ်လိုရင်ဆိုင်ရမလဲ မသိချေ။ အထပ်ထပ်အခါခါ လွန်ဆွဲနေခဲ့ပြီးနောက် သူ‌ ရှောက်ချွင်ကိုပဲ ဖွင့်မေးရန် ဆုံးဖြတ်လိုက်သည်။ ဒီကိစ္စကို နှုတ်မှဖွင့်မေးမည့်ကိစ္စကို တွေးမိသည်နှင့် သူလက်ခံရမည့်အဖြေအတွက် သူ‌စိုးထိတ်ရသည်။

ဘယ်လိုလုပ်မှ လူတစ်ယောက်ရဲ့ စိတ်ရင်းအမှန်ကို နှစ်ဖက်လုံးနာကျင်ရခြင်းက ရှောင်လွှဲပြီး သိလို့ရနိုင်မလဲ။

လီချိန်ရှို့သည် နီရဲရောင်ကိုင်းနေသော မျက်ဝန်းများကို ဖိပွတ်လိုက်ပြီး အိမ်ထဲသို့ တစ်လှမ်းချင်း လျှောက်ဝင်သွားသည်။

တံခါးဖွင့်ဝင်ချိန်တွင် ရှောက်ချွင်က သူ့အားကျောပေးထားလျက် ပြတင်းပေါက်ရှေ့တွင် ရပ်နေပြီး အပြင်မှ ငါးကန်ကို ကြည့်နေသည်။

လှုပ်ရှားသံကြားသည်နှင့် ရှောက်ချွင်က ချက်ချင်း လှည့်လို့လာသည်။ သူ့လက်ထဲတွင် ဖုန်းကို ကိုင်ထားပြီး ဖြည်းဖြည်းချင်း လက်ကိုချသည်။ မျက်မှောင်ရေးရေးကျုံ့၍

"အင်တာဗျူးက ဒီလောက်နောက်ကျရသလား? အခုပဲ ဖုန်းဆက်တော့မလို့"

လီချိန်ရှို့သည် နွမ်းနယ်စွာ ခေါင်းညိတ်ပြသည်။ အားမာန်တင်း၍ သူ့အား မော့ကြည့်ရန်ပင် သတ္တိမရှိခဲ့။

ရှောက်ချွင်သည် သူစိတ်နှင့်ကိုယ်မကပ်သည့်ပုံစံကိုကြည့်ပြီး သူ့ရှေ့တွင်ပိတ်ရပ်လိုက်ရင်း သူ့၏ မေးဖျားအား တဖြည်းဖြည်း ‌ပင့်မော့လိုက်ကာ

"ဘာဖြစ်လို့လဲ? ဒီလောက် အားလျော့နေတာ? မအောင်ခဲ့ဘူးလား?"

လီချိန်ရှို့သည် ခေါင်းကိုလွှဲရင်း 'အင်း'ဟု တိုးညင်းစွာ ဖြေသည်။

ရှောက်ချွင်သည် သူ၏မျက်ဝန်းထဲ သူမရှိသည့် အဖြစ်မျိုးကို မကြည့်နိုင်ရကား သူ၏မေးစေ့အား ဖိညစ်လျက် မိမိနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလိုက်ရင်း

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now