-54-

172 16 0
                                    

[Unicode]

လီချိန်ရှို့နှင့် လီရှော့သည် တည်ငြိမ်အေးချမ်းသော နေ့ရက်များကို လဝက်မျှ ဖြတ်သန်းခဲ့ကြသည်။

လီချိန်ရှို့သည် နှစ်ယောက်သားဘဝက သာမန်စုံတွဲတွေနှင့်မကွာခြားဟု ထင်သည်။

နှစ်ယောက်သား မနက်စောစောအိမ်ကထွက်ပြီးလျှင် လီရှော့က သူ့ကုမ္ပဏီထိ တကူးတက ကွေ့ပတ်ပို့ပြီးတော့မှ သူ့အလုပ်သူသွားသည်။ နေ့လည် နားချိန်တွင် ဆယ်မိနစ်လောက်အချိန်ယူပြီး ဖုန်းပြောဖြစ်သည်။ ညနေတွင်တော့ လီချိန်ရှို့က လီရှော့ပြန်ရောက်သည်နှင့် ညစာအသင့်ဖြစ်စေရန် စောစောရအောင်ပြန်သည်။ လီရှော့က သူ့ထက်အလုပ်များသော်လည်း ဘယ်လောက်ပင်ပန်းပင်ပန်း လီချိန်ရှို့ အိမ်မှုကိစ္စလုပ်နေတာမြင်လျှင် သွားကူတတ်သည်။

ညတွင်တော့ သူတို့အတူ ရုပ်ရှင်ကြည့်လိုက် သီချင်းလေးနားထောင်လိုက်နှင့် ဘဝက သာယာနေခဲ့သည်။

လီချိန်ရှို့သည် သူ လီရှော့အပေါ်ထားရှိသော ခံစားချက်က ချစ်နှစ်သက်ခြင်းလားတော့ မသိပါ။ သူနှင့်အတူ ဒီလူက အတူအဖော်ပြုဖြတ်သန်းပေးခြင်းကြောင့် ကျေးဇူးတင်ရကြောင်းသာ သိသည်။

ရက်အနည်းငယ် လွန်မြောက်ပြီးနောက် လီရှော့က သူ့အိမ်ကို ပြန်သွားရမည်ဖြစ်ကြောင်းပြောလာသည်။

လီချိန်ရှို့ ကြောင်သွားသော်လည်း ပြီးမှ သူ့မိဘတွေက အမေရိကမှာရှိကြကြောင်း သတိရသည်။

လီရှော့ထွက်သွားစဉ်က အလျင်စလို မဟုတ်သော်လည်း အနည်းငယ် စိတ်မဖြောင့်စွာ

"နှမြောစရာပဲ။ ဒီတစ်ခေါက်က ကိုယ့်အဖေအရေးတကြီးလှမ်းခေါ်လို့ သွားရတာ။ ကြိုသိထားရင် မင်းအတွက် passportအရင် လုပ်ထားပေးပါတယ်။ အခုတော့ အချိန်မမှီတော့ဘူး"

လီချိန်ရှို့က အားနာစွာရယ်နေပြီး ဘယ်လိုပြန်ဖြေရမလဲ မသိပေ။

လီရှော့က စိတ်မဖြောင့်စွာ ပြောသည်။

"မင်းအကြောင်းကို ကိုယ့်အဖေနဲ့အမေကို ပြောပြဖူးပါတယ်။ သူတို့က မင်းကိုတွေ့ဖူးချင်နေသေးတာ"

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now