[Unicode]
Warning: This part may contain some mature contents. Read at your own risk.
လီချိန်ရှို့သည် ကိုယ်ကို ထလိုက်ရင်း သူတို့နောက်မှ ပြတင်းပေါက်ဆီ ညွှန်ပြသည်။
"ပြ...ပြတင်းပေါက်...."
ရှောက်ချွင်သည် ကြားသော်လည်း မကြားသလိုပင် လက်များအား သူ့ခန္ဓာကိုယ်အောက် လျှိုဝင်ကာ အတွင်းခံလေးကို ဆွဲချသည်။
လီချိန်ရှို့သည် အပူပေးထားသည့် ပုစွန်ကင်ပမာ ခေါင်းအစခြေအဆုံး ရဲရဲနီလျက်ရှိသည်။
"ရှောက်ချွင် ပြတင်း...."
ရှောက်ချွင်က လီချိန်ရှို့၏ နှုတ်ခမ်းပါးကို ပိတ်ဆို့လိုက်၏။
လီချိန်ရှို့၏ ခန္ဓာကိုယ်သည် ဖြူဆွတ်ဆွတ်ဆိုဖာထဲ နစ်ဝင်မတတ်ရှိနေလျက် အဝတ်မဲ့နေသည်ဟူသော အသိက သူ့အား ကွေးထားချင်စေသည်။ ရှောက်ချွင်သည် သူ၏ လက်များအား ဖိထားရင်း ဒူးခေါင်းသုံး၍ သူ့ခြေထောက်များအား ခွဲလိုက်ပြီး ဒူးတစ်ဖက်နှင့် သူ့ခြေထောက်များအလယ် နေရာယူသည်။
လီချိန်ရှို့သည် သူ့အနမ်းတို့အောက် အသက်ရှူပင်မဝ။ ဒီလို ပြင်းရှသောအနမ်းများအား မည်သို့တုန့်ပြန်ရမည်ကို သူမရင်းနှီး။ အတင်းကာရော ရှောက်ချွင်၏ ဆန္ဒများအား လက်ခံနေရပြီး လည်ပင်းပင်မလှုပ်ရဲရှာပါ။
ရှောက်ချွင်သည် နှုတ်ခမ်းတွန့်ချိုးကာ ရယ်လိုက်ပြီး
"ဒီမှာပဲ လုပ်မှာပဲ။ ဒီမှာ အလင်းရောင်ကောင်းကောင်းရတယ်။ ကိုယ်က မင်းကိုပဲ ကြည့်နေမှာ။ မင်းကလဲ ကိုယ့်ကို ကြည့်နေရမယ်"
လီချိန်ရှို့သည် လက်ဖြင့်မျက်လုံးများကို အုပ်လိုက်ရင်း တုန်ရီနေကာ
"ဘာကြည့်ရမှာလဲ?"
ရှောက်ချွင်က ရယ်သံသဲ့သဲ့ဖြင့်ဆိုသည်။
"မင်းရဲ့ ပထမဦးဆုံးသော ယောင်္ကျားကိုလေ"
ရှောက်ချွင်သည် လီချိန်ရှို့၏လက်များကို မျက်လုံးဆီမှ ဆွဲဖယ်လိုက်ကာ ခံစားချက်လိုအင်များ နှင့် ပြည့်လွှမ်းနေသော မျက်ဝန်းတစ်စုံက တလက်လက် မျက်ဝန်းများထဲမှ ဖုံးကွယ်လိုသော အရှက်တရားနှင့် ကြောက်ရွံ့မှုများကိုပါ ရှင်းလင်းလိုက်သည်။