-68-

288 22 0
                                    

[Unicode]

တစ်ခါတည်း အလုပ်ရှုပ်နေလိုက်တာ နေ့လည်ရောက်မှ လီချိန်ရှို့မှာ ရုံးခန်းထဲ နေ့လည်စာစားဖို့ အားတော့သည်။

သူတို့ ကုမ္ပဏီမှ အလုပ်သမားများက အနီးအနားက ‌စားသောက်ဆိုင်လေးတွေမှာ စားကြသည်။ ဒီနားမှာက ကုမ္ပဏီကြီးကြီးသေးသေး များစွာရှိ၍ နေ့လည်ဆိုလျှင် စားသောက်ဆိုင်လေးများက ကန်တင်းသဖွယ်ဖြစ်နေတတ်သည်။

နေ့လည်စာဖိုးက အပိုပေးခြင်းရှိတာကြောင့် လီချိန်ရှို့က ပုံမှန်ဆို အိမ်ကပဲ ကိုယ့်ဘာသာယူလာလေ့ရှိသည်။ တစ်လကို လေးရာလောက်ပိုစုနိုင်သည်လေ။

နေ့လည် ရုံးခန်းထဲမှလူများ ကုန်စင်သွား၍ အလွန်တိတ်ဆိတ်သွားသည်။ လီချိန်ရှို့က အစားအစာထုတ်ကိုဖွင့်ပြီး ရထားပေါ်မှာ ဖိပြားခံလိုက်ရသော ထမင်းဟင်းများကိုကြည့်ပြီး စိတ်တိုသွားသည်။

ကျောနောက်မှ တံခါးက ဒေါက်ဒေါက်ခေါက်သံထွက်လာသည်။

လီချိန်ရှို့ လျင်လျင်မြန်မြန် လှည့်ကြည့်လိုက်ရာ ရှောက်ချွင်ကရယ်ပြနေသည်ကို မြင်လိုက်ရသည်။ သူ့ကိုယ်ပေါ်မှ အင်္ကျီများက အခုထိ မခြောက်သေး။

သူတို့ ကုမ္ပဏီက စည်းကမ်းလျော့ရဲသည်။ တင်းတင်းကျပ်ကျပ်မရှိ။ အပြင်လူဘယ်လိုလူမဆို တံခါးဝက ဦးလေးကြီးကို နှစ်ခွန်းလောက်ပြောရုံနှင့် ဝင်ခွင့်ပေးတာက ထူးဆန်းသော ကိစ္စမဟုတ်တော့။ လီချိန်ရှို့ ထူးဆန်းနေတာက ရှောက်ချွင်က ဘယ်လိုလုပ် နေ့လည်ကို လာခဲ့တာလဲ? သူတစ်ချိန်လုံးမပြန်သေးတာလား?

ရှောက်ချွင်က အထဲဝင်လာရင်း ပြောသည်။

"မင်းလုံးဝထွက်မစားဘူးဆိုတာ ကိုယ်သိနေသားပဲ"

ပြောရင်း လက်ထဲမှ အစာထုတ်ကို သူ့ရှေ့က စားပွဲပေါ်တင်သည်။

"ကိုယ်အခုပဲ မင်းအတွက် ပူပူနွေးနွေးဝယ်လာခဲ့တယ်"

လီချိန်ရှို့က သူ့အားတစ်ချက်ကြည့်ပြီး မျက်နှာလွှဲကာ တိုးတိုးပြောသည်။

"ငါ့မှာ ပါတယ်"

ရှောက်ချွင်က ဟင်းရည်တွေပါ ရောနှောနေပြီဖြစ်သော ထမင်းဘူးကိုကြည့်ပြီး ထိုဘူးကိုလှမ်းယူလိုက်သည်။ သူယူလာသောအရာကို သူ့ရှေ့တိုးပေးလိုက်ပြီး

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now