-14-

165 13 0
                                    

[Unicode]

ကားက အချိန်တိုအတွင်းမှာပဲ မြို့လယ်ထဲရှိ ရုံးအဆောက်အဦဆီ ရောက်ရှိလာသည်။ ရှောက်ချွင်၏ ရှိန်းကျန့်မြို့ရှိ ကုမ္ပဏီခွဲက ဆယ်ထပ်မြောက်မှ ဆယ့်နှစ်ထပ်အထိ ငှားရမ်းထားသည်။ နှစ်ယောက်သား တက်လာသည်နှင့် ဧည့်ကြိုနေရာမှ မိန်းမပျိုလေးက နောက်မှရှေ့သို့ ကမန်းကတန်း ထထွက်လာကာ နှုတ်ဆက်သည်။

"ဒါရိုက်တာရှောက် မင်္ဂလာပါ"

ရှောက်ချွင်က ရယ်ရင်း ခေါင်းညိတ်ပြီးမှ မေးသည်။

"လူစုံနေကြပြီလား?"

သူနာရီကို မြှောက်ကြည့်လိုက်ပြီး စုတ်သပ်လိုက်သည်။

"ငါ တစ်နာရီလောက် နောက်ကျသွားတာပဲ"

"စုံနေပါပြီ။ အစည်းအဝေးခန်းမှာ စောင့်နေပါတယ်"

"ကောင်းပြီ"

ရှောက်ချွင်၏လက်သည် လီချိန်ရှို့၏ ကျောပြင်ပေါ် ခပ်ဖွဖွ ကျရောက်သွားပြီး...

"ချိန်ရှို့... လာ။ ဒီဘက်"

လီချိန်ရှို့လည်း သူ့နောက်မှ အစည်းအဝေးခန်းဆီ လိုက်ရသည်။ အထဲမှ နှစ်ယောက်က ချက်ချင်း ထရပ်လိုက်ကြကာ အပြုံးဝေဝေဆာဆာနှင့်...

"ဒါရိုက်တာရှောက် ‌ဒါရိုက်တာရှောက် မင်္ဂလာပါ"

ရှောက်ချွင်သည် သူတို့နှင့် တစ်ယောက်ချင်းစီ လက်ဆွဲနှုတ်ဆက်လိုက်ပြီး...

"တကယ် အားနာလိုက်တာ။ လမ်းမှာ ကားအရမ်းကြပ်နေလို့လေ။ ခင်ဗျားတို့ကို အကြာကြီး စောင့်နေစေမိပြီ"

"ရပါတယ် ရပါတယ်။ ပြီးတော့ ရှိန်းကျန့်ရဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း ဒီလိုဖြစ်တာ တစ်ရက်နှစ်ရက်မှ မဟုတ်တာပဲ"

ရှောက်ချွင်က ရယ်ရင်းပြောသည်။

"ဟုတ်ပ။ ကျွန်တော် အရင် ပေကျင်းမှာတုန်းကလည်း ကားရပ်ဖို့ အတော်လေး စောင့်ရတယ်။ ဒီရောက်တော့ ပိုအဆင်ပြေမယ်မှတ်တာ။ မထူးပါဘူး"

နှစ်ယောက်က ထပ်ပြီး အားနာစွာ ပြောဆိုနေပြီး နောက်မှ လီချိန်ရှို့ တည်ရှိနေမှုကို သတိပြုမိကာ အမေးသဘောဖြင့်...

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now