-26-

165 16 1
                                    

[Unicode]

လီချိန်ရှို့သည် တစ်ဖန်ပြန်လည်အလုပ်ထွက်လိုက်သည်။

ထို အကြွေးစာရွက်များ အမှိုက်ပုံးထဲရောက်သွားသည့် တခဏမှာ သူ ဘဝသစ်ရရှိလိုက်သလို ခံစားရလိုက်ရသည်။

သူကျော်ဖြတ်သွားလို့ရခဲ့ပြီ။ သူ့မှာ သစ်လွင်သောရည်ရွယ်ရာပန်းတိုင်တစ်ခုရှိနေပြီ။ ပြီးတော့ သူ့မှာ ချစ်ရတဲ့သူရှိနေပြီ။

သူ့ လက်ရှိနှလုံးသားထဲတွင် ရှောက်ချွင်အတွက် ကျေးဇူးတင်မှုများနှင့်ချစ်ခင်မှုများသာ အပြည့်ဖြစ်လို့နေပါသည်။

ရှောက်ချွင်သည် ဆောင်းရာသီ၏နွေးထွေးသော နေရောင်ခြည်သဖွယ်၊ နှင်းမြူများကြားက မီးခိုးငွေ့အလား သူ့အပေါ် ကောင်းလွန်းလှသည်။ သူ့အားတန်ဖိုးရှိစေသည်။ ဂရုစိုက်မှုနှင့် ထိုက်တန်သည်ဟု ခံစားရစေသည်။ သူသည် ကောင်းကင်ဘုံက သူ့အား ဆုလာဘ်အဖြစ် ရှောက်ချွင်အား အနားမှာရှိစေသည်ဟု ပထမဆုံးအနေနှင့် တွေးမိသည်။

သို့နှင့် ယခုတလောတွင် ကိစ္စတိုင်းမှာ ရှောက်ချွင်ကိုသာ မြင်နေပြီး တစ်လမပြည့်မီမှာပင် ထမင်းဆိုင်မှ အလုပ်ကို ထွက်ပစ်လိုက်တော့သည်။

သူ ထပ်မံ၍ ရှောက်ချွင်အတွက် အကြွေးစာကို သေသေချာချာရေးသားပြီး သူ့အား သင်တန်းထားပေးမည့် ငွေကြေးကိုပါ ထည့်တွက်ထားလိုက်သည်။

အကြွေးစာရွက်ချင်းတူသော်ငြား ဤဝန်ပိုးသည် သူ့အတွက် လေးလံခြင်းမရှိသည့်အပြင် တွန်းအားတစ်မျိုးပင်ဖြစ်ချေသည်။ မိမိကိုယ်ကို ပိုပြီး စာကြိုးစားစေရန် အားပေး နေသလို။ ကြိုးစားပြီး ရှောက်ချွင်အပေါ်ကောင်းပေးမည်။ ရှောက်ချွင် သူ့အတွက် ကောင်းပေးသမျှအတွက် ပြန်ပေးဆပ်မည်။

ရှောက်ချွင်သည် စာရွက်ကို သာမန်ကာလျှံကာ ဖတ်လိုက်ပြီး စားပွဲအံဆွဲထဲ ထိုးထည့်ပစ်လိုက်သည်။ ကိုယ်ကိုလှည့်သည်နှင့် လီချိန်ရှို့အား စာကြည့်ခန်းထဲရှိ စားပွဲနီကြီးပေါ် ဖိလျက် သူအမှန်တကယ် စိတ်ဝင်စားလိုလားသည့် ပြန်လည်ရယူမှုကို လုပ်ဆောင်ရန်ပြင်သည်။

ရှောက်ချွင် သူ့အား စာရင်းသွင်းပေးသော အတန်းက တစ်ပတ်လျှင် တနင်္လာနေ့ နှင့် ဗုဒ္ဓဟူးနေ့သာ အတန်းရှိသည်။ သို့သော် သင်တန်းချိန်က နံနက်၉နာရီမှ ညနေ၄နာရီထိဖြစ်သည်။ နေ့ခင်း နာရီဝက်နားချိန်ပေး၏။

ကနွဲ့ကလျ (ဘာသာပြန်)Donde viven las historias. Descúbrelo ahora