-9-

193 27 1
                                    

[Unicode]

လီချိန်ရှို့သည် ရှောက်ချွင်ထွက်သွားတော့မှ မိမိဗိုက်ကို ဖိကြည့်လိုက်သည်။ အလွန်နာကျင်နေဆဲဖြစ်တာမို့ သူထပ်မလှုပ်ရဲတော့ပဲ ဒီတိုင်းထားလိုက်သည်။ နောက်ပြီး အရိုးကို ထိသွားတာ မဟုတ်ဘူးဆိုတော့ သူ့ဘာသာ တဖြေးဖြေး ပြန်ကောင်းသွားမှာပါ။

သူ ကျောင်းဆေးပေးခန်းတွင် ခဏတာ ငေးငိုင်ပြီးနောက် ချက်ချင်း အတန်းပြန်သွားတက်သည်။ အတန်းထဲမှ ကျောင်းသားများက သူ့အား ခိုးကြည့်နေကြသော်လည်း ယခင်ကလို ပေါ်ပေါ်ထင်ထင် ထပ်မနှောင့်ယှက်ကြတော့။

ကျောင်းဆင်းချိန်ရောက်သည်နှင့် သူကတော့ ပုံမှန်လို ပထမဆုံးပြေးထွက်မြဲ။ ပြီးတာနှင့် ဆွေမျိုးနီးနားရဲ့ ထမင်းဆိုင်မှာ အလုပ်သွားလုပ်မြဲ။ ခန္ဓာကိုယ်က အလွန်နေရခက်သော်လည်း သူ့လိုလူမျိုးက ဘယ်မှာ နေမကောင်းဖျားနာဖို့ အခွင့်ရှိလို့လဲလေ။

သုံးလေးရက်ကျော်လွန်သည့်တိုင် ရှောက်ချွင်ကို သူမတွေ့ရ။ သူကတော့ သူတို့ရဲ့ ပိုက်ဆံတွေ အပါအဝင် အဝတ်အစားများပါ ပြန်ပေးချင်နေသည်။ သူ့အပိုင်မဟုတ်တာတွေကို သိမ်းထားရတာ လိပ်ပြာမသန့် ၊ ဘယ်လိုကံဆိုးမှုတွေ ယူဆောင်လာပေးမလဲ‌ တွေးကြောက်နေရသည်။ သို့သော် ကြည့်ရတာ သူတို့ စိတ်မဝင်စားကြတော့တာဖြစ်မည်။ သူကလဲ သူတို့ကို သွားမရှာချင်။ ဤ ကိစ္စတစ်ခုကသာ သူ့ကို စိတ်မသက်မသာဖြစ်စေသည်။

သူက ပိုက်ဆံကို ကိုယ်နှင့်မကွာ ဆောင်ထားကာ၊ အဝတ်အစားများကို ကျောင်းစာရေးစားပွဲထဲ ထည့်ထားသည်။ သူတို့နှင့်တွေ့သည့် ဘယ်အချိန်မဆို ချက်ချင်း ပြန်ပေးနိုင်ရန်ဖြစ်သည်။

တစ်ပတ်ကြာပြီးနောက် သူ၏ ဖူးရောင်နေသောမျက်နှာမှာ ပုံမှန်အနေအထားသို့ ပြန်ရောက်လာပြီဖြစ်ပြီး ဗိုက်က အညိုအမည်းများမှာလဲ ပျောက်သလောက်ရှိနေလေပြီ။ ရှောက်ချွင်တို့ လူတစ်စုကို သူ့ဦးနှောက်ထဲမှ ဖယ်ထုတ်နိုင်သည့်အခါတွင်မှ သူ ရှောက်ချွင်ကို ပြန်တွေ့လေသည်။

အတိအကျပြောရပါလျှင် သည်တစ်ခေါက်တွေ့ဆုံမှုသည်ကား ဘယ်လိုကပင်ပြောပြော ရှောက်ချွင်က တကူးတက စောင့်ဆိုင်းနေခြင်းမျိုး ဖြစ်သည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now