-48-

206 16 0
                                    

[Unicode]

လီချိန်ရှို့၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီး သူ ရှောက်ချွင်ကို မတွန်းနိုင်ဘူးဆိုတာ သိရက်နှင့် အားကုန်သုံး၍ တွန်းထုတ်သည်။ အကြောင်းမှာ ရှောက်ချွင်က သူ့ခန္ဓာကိုယ်ကို ထိလိုက်သောနေရာများတွင် ကြက်သီးများပင်ထ၏။ ဒီလို လျို့ဝှက် သေးကျဉ်းသော နေရာထဲ သူကြောက်ရွံ့ရသော သူနှင့်ရှိနေရခြင်းက သူ့အား နောက်ဆုတ်စရာလမ်းမရှိစေပဲ မျှော်လင့်ချက်မဲ့စေသည်။

ရှောက်ချွင်သည် သူ့အား တင်းကျပ်စွာဖက်ထားသည်။

ဒီလိုကြာရှည်‌သောပွေ့ဖက်မှုက ရင်းနှီးသည့်အပြင် စိမ်းသက်နေသည်။ သူ့ရင်ခွင်ထဲက ယောင်္ကျားသည် အရင်ကထက်ပိုပိန်သွားသည်ထင်သည်။ သူ့လက်မောင်းနှင့် သူ၏ပခုံးကို ဖက်တွယ်မိသည့်တစ်ခဏတွင် အနည်းငယ်လစ်ဟာနေသလိုပင် ခံစားရသည်။

သူ တစ်ခါတစ်လေ နားမလည်နိုင်။ ဒီ ပိန်သွယ်သော ၊ဖျော့တော့သော ၊ လွယ်လွယ် ငိုရှိုက်တတ်သော ယောင်္ကျားက ဒီလို အထိအတွေ့လေး တစ်ခုတည်းနှင့်ပင် သူ့အား စိတ်လုံခြုံအေးချမ်းစေသည်။ အရေပြားချင်း ထိစပ်မိရုံနှင့် အနွေးဓာတ်တစ်မျိုး စီးဆင်းစေသလိုမျိုး သူ့အား နွေးထွေးစေသည် ။ သူ့ကို ပွေ့ဖက်ရရုံနှင့် အေးခဲတောင့်တင်းနေသော ခန္ဓာသည် အနွေးဓာတ်တဖြည်းဖြည်း ပြန်ရသည့်နှယ်။

ရှောက်ချွင်သည် လီချိန်ရှို့ကို ပွေ့ဖက်ရင်း အ‌‌တွေးလွန်နေစဉ် ပခုံးထက်မှ စူးရှသော နာကျင်မှုတစ်ခု ပျံ့လွင့်လာသည်။

လီချိန်ရှို့သည် မျက်ရည်စက်လက်နှင့် သူ့ပခုံးကို အားဖြင့် ဖိကိုက်ထားသည်။

ရှောက်ချွင်သည် အံကြိတ်ရင်း

"ငါ -ိုး ! ကိုက် ! ကိုက်စမ်းပါ! ကိုက်တာနဲ့ ဘာစောက်ကျိုးမှမရှိဘူး။ သတ္တိရှိရင် ဒီကိုကိုက်လိုက်!"

ရှောက်ချွင်သည် လည်တိုင်ကို ပင့်မော့လိုက်ကာ သွေးကြောစိမ်းများကို သူ့မျက်စိရှေ့ပြသည်။

လီချိန်ရှို့က ပါးစပ်ကိုဖွင့်၍ တုန်ရီစွာပြောသည်။

"ငါ့ကိုလွှတ်။ငါအိမ်ပြန်မယ်"

ကနွဲ့ကလျ (ဘာသာပြန်)Onde as histórias ganham vida. Descobre agora