-66-

329 20 0
                                    

[Unicode]

ညနေရောက်တော့ လီချိန်ရှို့က ခေါင်းမာစွာ ဆေးရုံဆင်းမည်ပြုသည်။

သူ့အထင် သူ့အဖျားက သက်သာသလောက် ကျသွားပြီ။ အနည်းဆုံးတော့ သူလမ်းလျှောက်နိုင်ပြီ။ သူနေ့တိုင်း ဆေးရုံကိုလာပြီး ဆေးလာထိုးရမည်ဆိုလျှင်တောင်ရသည်။ ဒီမှာ အချိန်ဖြုန်း ငွေဖြုန်းပြီး ရှောက်ချွင်၏ အကြည့် စူးစူးအောက်မှာတော့ မနေနိုင်။

လီချိန်ရှို့ ပြန်ရောက်သွားချိန်တွင် ရှောင်ချာပေးက ပျော်ရွှင်စွာဖြင့် လှည့်ပတ်ခုန်ပေါက်ကာ တတန်းတန်းလိုက်နေသည်။ တစ်ရက်လုံးလုံး လူကိုမမြင်ရ၍ ထိန်းချုပ်ထားခဲ့ရသည်လေ။

ရှောက်ချွင်က သူ့အား ခုတင်ပေါ်လှဲစေပြီးနောက် သူ့အတွက် ရေနွေးမြန်မြန်တည်လိုက်ကာ ညဘာစားချင်သလဲ ဟု မေးသည်။

လီချိန်ရှို့၏ မျက်နှာသည် သွေးမရှိလောက်အောင် ဖြူလျော်လျက် အလွန်အားအင်မဲ့စွာ သူ့အားကြည့်ပြီး

"ငါ ကိုယ့်ဘာသာ ၊ ဂရုစိုက်နိုင်တယ်။ မင်း....."

သူပြောပြီးအောင်မစောင့်ဘဲ ရှောက်ချွင်က ဖြတ်ပြောလိုက်သည်။

"မင်းအခု လမ်းလျှောက်တာတောင် ယိုင်တိယိုင်တိုင်နဲ့ကို ကိုယ့်ဘာသာ ဂရုစိုက်နိုင်တယ်ပြောနေသေးတယ်။ မင်းအခု အဖျားကမကျသေးဘူး။ ကောင်းကောင်းလှဲပြီးအနားယူဦး။ ကိုယ့်ဘာသာဂရုစိုက်မယ်ပြောမနေနဲ့တော့။ ခွေးကို ဘယ်သူဂရုစိုက်မှာလဲ။ မင်းထပ်ပြီး အတင်းသန်မာမနေနဲ့ဦ။ ကိုယ့်ကို မင်းမျက်စိရှေ့မှာတော့ သုံးလေးရက်နေခွင့်ပေးပါဦး။ မင်းနေပြန်ကောင်းတာနဲ့ ကိုယ် ကိုယ့်အိမ်ကို ပြန်နေပေးမယ်။ ဒီလိုဆိုရင်တော့ ရပြီမလား?"

လီချိန်ရှို့မှာ သူ့ကိုမငြင်းနိုင်။ သူနှင့် အပြန်အလှန်ငြင်းခုန်နေဖို့လည်း အားမရှိ‌တော့။ ပြီးတော့ အမှန်တကယ်ပင် သူ့တစ်ကိုယ်လုံး ချည့်နဲ့နေသည်မှာ ဒယ်အိုးပင်မကိုင်နိုင်မှာစိုးရသည်။ သူ့ဘာသာ ခွေနေပြီး သုံးလေးနပ်ငတ်တာက ဘာမှမဖြစ်။ ခွေးကျတော့ရော?

လီချိန်ရှို့နေရခက်စွာ ခုတင်ပေါ်လှဲအိပ်နေရသည်။ မျက်လုံးမှိတ်လိုက်သည့်အချိန် မျက်မှောင်များပင်ကျုံ့နေ၏။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now