[Unicode]
ရှောက်ချွင်အစားမစားသည်မှာ ရက်တော်တော်များများရှိပြီဖြစ်သည်။ နည်းနည်းလောက် စားမိသည်နှင့် ဝမ်းဗိုက်ထဲ ပူလောင်လာသည်။
ဒါတွေလည်း သူဂရုမစိုက်အားပေ။ လီဝိန်ရွှင့်အား ဆွဲ၍ ချက်ချင်းသွားရန်ပြင်တော့သည်။
လီဝိန်ရွှင့်စိတ်ထဲမှ ဒေါသမီးစလေးသည် တရိပ်ရိပ်တက်လာသည်။ သူပေကျင်းကနေ အပြေးလာရတာ ခြေတစ်လှမ်းမှတောင်မနားရသေး။ အခု ဖင်ပူအောင်တောင်မထိုင်ရခင် သူ့အား ပြန်သွားခိုင်းနေသည်။ လူကို ဒီလိုနှိပ်စက်သင့်လို့လား။
"ငါ -ိုးမ! လေကြောင်းကုမ္ပဏီက မင်းအိမ်ကဖွင့်ထားတာမို့လား။ သွားချင်တဲ့အချိန်တိုင်း လေယာဉ်ရ်ှိတယ်ထင်ရအောင်။ သတ္တိရှိရင် မင်းဘိုးတော်ဆီ ပြောပြီး အခုချက်ချင်း လေယာဉ်နဲ့ သွား ကောဇောပါခင်း ကြိုခိုင်းပြီးမင်းချစ်သူလေးကိုသွားရှာလိုက်"
ရှောက်ချွင်က ဆဲသည်။
''ဘာတွေ ပွစိ ပွစိပြောနေတာလဲ။ မတော်လို့ သူအိမ်ဟောင်းပြန်သွားတာဆိုရင်ရော။ သူအခု အဲ့မှာ ရှိနေရင်ရော"
လီဝိန်ရွှင့်ကသူ့အား မျက်ဖြူလှန်ကြည့်လိုက်ပြီး
"သူ့အမေနှစ်ပတ်လည်က ဒီအချိန်မဟုတ်ဘူး"
ရှောက်ချွင်က မယုံသင်္ကာဖြင့်မေးသည်။
"မင်းကဘယ်လိုသိတာလဲ?"
"ငါမှတ်မိတာတော့ သူကျောင်းထွက်သွားတုန်းက သုံးလပိုင်းလား လေးလပိုင်းလားပဲ။ သူကျောင်းထွက်ပြီး သူ့အမေဆုံးတာပဲ''
ရှောက်ချွင်က ဆက်မေးသည်။
"မင်းက ဘယ်လိုသိတာလဲ?"
"အရင်က သူနဲ့ကျောင်းတူတူပဲလေ။ မှတ်ဉာဏ်သာကောင်းရင် အကုန်နီးပါးတောင်မှတ်မိနိုင်သေးတယ်။ အဲ့တုန်းက အလယ်တန်းဖြေခါနီးကြီးလေ။ ဆရာတွေကတော့ ကူငွေကောက်ပေးလိုက်ကြသေးတယ်"
ရှောက်ချွင်သည် ကိုယ်မတ်သွားကာ ပြန်ထိုင်ချသည်။
"ကူငွေ?"
လီဝိန်ရွှင့်က စီးကရက်ကိုခဲလိုက်သည်။ အမူအရာက မလုံမလဲဖြင့်