-43-

267 19 1
                                    

[Unicode]

ရှောက်ချွင်က ကုတ်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး လီချိန်ရှို့ကို ကြမ်းတမ်းစွာ သေးငယ်သော ခုတင်ထက် တွန်းလှဲလိုက်သည်။

လီချိန်ရှို့ အကြောက်လွန်သွား‌ပြီး ခြေရောလက်ဖြင့်ပါ အားသုံး၍ ရှောက်ချွင်အား တွန်းထုတ်ရင်း

"ရှောက်ချွင် ၊ မင်းဘာလုပ်တာ....."

ရှောက်ချွင်က သူ့မျက်နှာလေးကို ဆွဲညစ်လိုက်ပြီး ဆိုးရွားစွာ

"မင်းနဲ့သူ ဘယ်တုန်းက တွဲမိသွားရတာလဲ။ မလွယ်ဘူးပဲ။ ငါမင်းဖုန်းကို ပစ်ခွဲပြီးတာတောင် မင်းက သူ့ကိုသွားရှာသေးတာပေါ့။ဘယ်တုန်းကလဲ။ ဟမ်! ဘယ်တုန်းကလဲလို့!!"

လီချိန်ရှို့က သူ့နောက်ကွယ်တွင်လီရှော့နှင့် အဆက်အဆံရှိသည်ကို တွေးမိမိချင်း သူ့မျက်စိရှေ့မှ အရာအားလုံး မည်းမှောင်ကျသွားသလိုပင်။ သူ့နှလုံးသားကို လက်သီးဖြင့် ခပ်ပြင်းပြင်းထိုးနှက်ခံလိုက်ရသည့်နှယ် နာကျင်ခြင်းကြောင့် အတန်ကြာသည်ထိ အသိမဝင်နိုင်။

"မင်းမေ-ိုး! ငါကတော့ ငါမင်းအပေါ် တစ်နေရာရာမှာ မကောင်းသလို ခံစားနေရပြီးတော့! မထင်ထားမိဘူးပဲ။ မင်းက ငါ့ကို ကန်ထုတ်ပြီး မင်းရဲ့သူဌေးကြီးနဲ့ နှစ်ကိုယ်တူပျံသန်းနေတယ်ပေါ့လေ။ ငါပြောသားပဲ ။ ဘာလို့များ နည်းနည်းမှမတွေဝေပဲ ထွက်သွားရတာလဲဆို။ မင်းတို့နှစ်ယောက် ငါ့ကို စောက်အ,လို သဘောထားပြီး လှည့်စားခဲ့တာမလား?ဟုတ်တယ်မလား?"

ရှောက်ချွင်၏ မျက်ဝန်းထဲတွင် သွေးစများရှိနေပြီး နဖူးမှအကြောများက ပေါက်ထွက်တော့မည့်အလား။ လီချိန်ရှို့၏မျက်နှာကို ညစ်ထားသော လက်များက အားထည့်ထားသည့်မှာ သူ့အရိုးများကိုပင် ချေမွပစ်တော့မည့်နှယ်။

လီချိန်ရှို့မျက်နှာထက် သွေးပင်မရှိတော့သည့်အထိ နာကျင်နေသည်။ အားသုံး၍ ရှောက်ချွင်၏ လက်ကို တွန်းထုတ်နေသော်လည်း သူ၏ အားအင်က ရှောက်ချွင်ရှေ့တွင်တော့ ပြောမပလောက်စရာပင်။

"ရှောက်ချွင်...မလုပ်ပါနဲ့...."

သူ့နားထဲတွင် ရုတ်တရက် တဝုဝုအော်သံဝင်လာ၏။ အားတင်း၍ မျက်လုံးစောင်းကြည့်ရာ ရှောင်ချာပေးက သူ့ခေါင်းနားရောက်နေသည်။ ရှောက်ချွင်၏ လက်ချောင်းကို လက်သည်းနှင့် အားသုံးဆွဲထားပြီး ပါးစပ်နှင့် ကိုက်နေရှာ၏။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now