-39-

228 21 0
                                    

[Unicode]

ရှောက်ချွင်သည် တံခါးဘဲလ်တီးသံကို ကြားရသည်အထိ သတိမထားမိသေး။

သူ လီချိန်ရှို့ကို အတွင်းမှ တံခါးမကြီးကို ခလုတ်ဖြင့်ဖွင့်ပေးလိုက်ပြီးမှ အိမ်တံခါးကို သွားဖွင့်သည်။

" အပြင်သွားတာကို ဘာလို့ သော့တောင်မယူသွားတာလဲ?"

လီချိန်ရှို့၏ မျက်နှာသည် ဖြူဖျော့လွန်းနေပြီး သူ့ကို လူကိုယ်တိုင်မြင်ရချိန်တွင် တစ်ကိုယ်လုံး လှုပ်ခါသွားသလိုပင်။

ရှောက်ချွင်သည် ထိတ်လန့်အံ့ဩစွာ သူ့အား အိမ်ထဲဆွဲသွင်းလိုက်ပြီး

"မင်းဘာဖြစ်တာလဲ။ ကိုယ်သုံးလေးရက်လေး သွားခဲ့တာကို ဘာလို့ ဒီလောက်ပိန်သွားရတာလဲ?"

လီချိန်ရှို့သည် မျက်ဝန်းများ မတည်မငြိမ်နှင့် သူ့အား တစ်ချက်ကြည့်လိုက်ပြီး လက်မောင်းပေါ်မှ သူ့လက်ကို ကိုင်သည်။

ရှောက်ချွင်က မျက်မှောင်ရေးရေးကျုံ့သည်။

"ဘာဖြစ်တာလဲ?"

လီချိန်ရှို့က သူ့ကိုသာ ကြည့်နေသည်။

ဒီလူက အဲ့ဒီရှောက်ချွင်ပဲဖြစ်သည်။ နေလောင်ဒဏ်ကြောင့် အနည်းငယ်ညိုသွားသော်လည်း ပြောင်းလဲသွားခြင်း တစ်စက်မှမရှိ ။သို့သော် သူ့အတွက်တော့ သူစိမ်းတစ်ယောက်အလား ဒီထက်ပိုပြီး မစိမ်းကားနိုင်တော့။ တစ်ပတ်အချိန်လေးပဲ ခွဲခွာခဲ့ကြတာတောင် တစ်ကမ္ဘာခြားသွားခဲ့သလို။

ရှောက်ချွင်သည် သူမူမမှန်ဘူးဟု ထင်သွားသည်။ စိတ်နှင့်ကိုယ်မကပ်သလိုမျိုး။ သူ ဘယ်တုန်းကမှ လီချိန်ရှို့၏ ဒီလိုပုံစံကို မမြင်ဖူးခဲ့ပေ။

"ချိန်ရှို့ ၊ ဘာဖြစ်လို့လဲ?"

ရှောက်ချွင်သည် သူ့အား အိမ်ထဲဆွဲသွင်းကာ

"အရင်အိမ်ထဲဝင်"

လီချိန်ရှို့သည် အိမ်ထဲ အတင်းဆွဲခေါ်ခံလိုက်ရသည်။

ရှောက်ချွင်သည် စိတ်ပူစွာ သူ့အား ကြည့်ရင်း

"ဘာတွေများဖြစ်လို့လဲကွာ။ ကိုယ့်ကို ပြောပါဦး"

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now