-60-

364 38 3
                                    

[Unicode]

ရှောက်ချွင်က အဘွားအိုထံမှ ထိုဓာတ်ပုံလေးကို တောင်းလိုက်သည်။

ထိုဓာတ်ပုံက အဘွားအို၏ဆွေမျိုးတစ်ယောက်မင်္ဂလာဆောင်တွင် ရိုက်ထားခြင်းဖြစ်သည်။ထိုစဉ်က တစ်ရွာလုံးအား ဖိတ်ကြားခဲ့ပြီး ဓာတ်ပုံထဲ၌ အရေးကြီးသူလည်းပါမနေ၍ အဘွားအိုက သူ့အား ပေးလိုက်သည်။

ရှောက်ချွင်သည် ‌ထိုဓာတ်ပုံအား တယုတယ တန်ဖိုးထားသိမ်းယူလိုက်သည်။

အဘွားအိုက သိချင်သွားသည်။

"မင်းတို့က အဲ့ကလေးရဲ့ အတန်းဖော်တွေလား? သူက တောင်ပိုင်းမှာ အလုပ်လုပ်နေတာမလား? မင်းတို့က သူ့အမျိုးကိုရှာပြီး ဘာလုပ်မလို့လဲ?"

ရှောက်ချွင်သည် ဤဖော်ရွေသော အဖွားအိုအား မည်သို့ပြန်ဖြေသင့်သည်မသိ။ သူ့လူပျောက်သွား၍ သေချာပေါက် ပြန်ရှာလာရသည်ပင်။

အဘွားအိုက သူပြန်မဖြေသည်ကိုတွေ့သော် ထပ်မမေးတော့ဘဲ သက်ပြင်းချသည်။

"ဒီကလေးက လိမ္မာတဲ့ကလေးပါကွယ်။ ဒီနှစ်တွေမှာ သူအဆင်ရောပြေရှာရဲ့လား? မနှစ်ကထိတောင် လတိုင်း ငွေဆပ်တုန်းပဲ။ နောက်တော့ တစ်ခါတည်း အပြတ်ဆပ်သွားတော့ ချမ်းသာနေပြီလား?"

ရှောက်ချွင်က တောင့်တင်းစွာ ခေါင်းညိတ်သည်။

"သူ့အမေဖြစ်တဲ့ညက ငါတောင် သွားကူညီလိုက်သေးတယ်။ သူ့အိမ်ဟောင်းက ငါနဲ့သိပ်မဝေးဘူးလေ။ ညကြီးအိပ်မောကျနေတုန်းရှိသေး သူ့မှာ အော်လိုက် ငိုလိုက်နဲ့ အကူအညီတောင်းရရှာတာ။ တစ်ရွာလုံးနီးပါးကိုနိုးရောပဲ။ ပြောရရင်လဲ ထူးဆန်းတယ်။ အဲ့ကလေးက အဲ့နေ့ကျမှ ဆယ့်နှစ်နာရီလောက်မှ အိမ်ပြန်ရောက်တာ။ ဘာလို့အဲ့လောက်နောက်ကျမှ ပြန်လာလဲမသိပါဘူး။ စောစောပြန်လာပြီး စောစောဆေးရုံပို့ရင်တော့ ကံကောင်းရင် ကယ်နိုင်ဦးမှာ။ သူ့အမေကလဲ နေ့ရှိသရွေ့ အရက်သောက်နေတာလေ။ ဘယ်မှာ ဒီလိုအမေမျိုးရှိလို့လဲ။ ကောင်းရော နောက်ဆုံးတော့ ဒုက္ခိတပါဖြစ်ရော။ သူ့အမေဆေးရုံတင်လိုက်ရတော့ သူလဲကျောင်းထွက်လိုက်ရတော့တာပါပဲ''

လီဝိန်ရွှင့်၏ အမူအရာက ပြောင်းလဲသွားသည်။ သူငယ်စဉ်က စနောက်ခဲ့ခြင်းကို သတိရသွားသည်။ ဖြစ်နိုင်သည်။

ကနွဲ့ကလျ (ဘာသာပြန်)Where stories live. Discover now