[Unicode]
လီချိန်ရှို့ ညနေအလုပ်ဆင်း၍ ပြန်လာချိန်တွင် ရှောက်ချွင်အား ဆိုဖာပေါ်တွင်ထိုင်လျက် တစ်ဖက်က Laptop နှင့်စာရိုက်ရင်း တစ်ဖက်က စီးကရက်ခဲနေသည်ကို တွေ့သည်။ စီးကရက်ပြာများက ပြာခွက်အပြင်တွင် ပွစာကြဲလျက်။
သူသည် စီးကရက်ကို မနှစ်သက်သော်လည်း သူများအိမ်မှာနေနေရသည်မို့ ပြောဖို့အဆင်မပြေ။
လီချိန်ရှို့သည် လက်ထဲမှ ဟင်းရွက်ထုပ်ကို ချလိုက်ရင်း
"ရောက်နေတာလား။ ဗိုက်ဆာပြီလား?"
ရှောက်ချွင်သည် နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးပင်လှန်မကြည့်ပဲ လက်တော့ပ်စခရင်ကိုသာ ကြည့်နေလျက်
"မင်းရေချိုးပြီးမှ ထမင်းချက်။ မင်းတစ်ကိုယ်လုံးက မီးဖိုချောင်ကအနံ့တွေချည်းပဲ။ အနံ့ကမွှန်ထူနေတာပဲ"
လီချိန်ရှို့သည် အနည်းငယ်နေရခက်စွာ ခေါင်းငြိမ့်လိုက်ပြီး ရေချိုးခန်းဆီ လှည့်ဝင်လိုက်သည်။
ဆယ်မိနစ်လွန်ပြီးနောက် လီချိန်ရှို့သည် သန့်ပြန့်စွာဖြင့် သူ့အရှေ့တွင်ရပ်နေသည်။
ရှောက်ချွင်သည် ထိုမှ လက်ပ်တော့ကို ပိတ်လိုက်ကာ စီးကရက်မီးကို ငြိမ်းလိုက်သည်။သူ့ဆီ လက်ဆန့်တန်းပြီး
"လာ"
လီချိန်ရှို့သည် လိမ္မာစွာသူ့အနီးရောက်လာသည်။ ရှောက်ချွင်သည် သူ၏ ခါးအားသိမ်းပွေ့ထားပြီး ပေါင်ပေါ်ထိုင်စေသည်။ လီချိန်ရှို့သည်လည်း နေသားတကျ ကြောင်ကလေးလို စည်းကမ်းရှိရှိ သူ့ရင်ခွင်ထဲ တိုးဝှေ့နေ၏။
"ပြောကြည့်။ ဒီနေ့ ဘာလုပ်သလဲ?"
လီချိန်ရှို့သည် အလုပ်ရပြီဖြစ်သော်လည်း အစမ်းခန့်ကာလသာရှိသေး၍ လခနည်းလွန်းသည်။ သို့ပေသိ သူကတော့ ပျော်နေလျက်
"မနက်ဆိုင်းဆင်းတယ်"
"အချိန်တစ်ခုလောက်တော့အနားယူဦးလို့ပြောထားတယ် မဟုတ်လား။ ဘယ်လိုလုပ် အပြင်ပြေးလိုက်ရပြန်တာလဲကွာ"
"အနားယူတာ နှစ်လကျော်နေပြီလေ"
ရှောက်ချွင်က မရွှင်မပျနှင့်