Part - 77 [Uni&Zaw]

7.9K 646 71
                                    

Unicode

"ကဲ....၊လမ်းမကြမ်းခင်အထိတော့ ကားပေါ်မှာတစ်ရေးတမောအိပ်လို့ရပါသေးတယ်....၊အဆင်ပြေကြတယ်မလား"

"ပြေပါတယ် ဦးလေး.....၊အခုလိုအတူခေါ်သွားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"

"ရပါတယ်ကွာ...၊ကဲ တက်ကြ တက်ကြ"

ကားက ခေါင်းခန်းနဲ့အလယ်ခန်းနှစ်ခုတွဲပါသည့်  Light Truck ကားလေးဖြစ်သည်။ထို့ကြောင့် ပစ္စည်းများကို အနောက်ဘက်မှာတင်ကာ အရှေ့ခန်းနဲ့အလယ်ခန်းမှာ လူထိုင်ဖို့ပြင်ရသည်။ဦးလေးကြီးက ကားမောင်းသမားနဲ့အတူထိုင်ကာ ဇမ်းနဲ့ညွှန်းကတော့ အလယ်ခန်းမှာထိုင်လိုက်သည်။အလယ်ခန်းက လူလေးယောက်လောက် ထိုင်လို့ရအောင်ကျယ်တာမို့ သူတို့နှစ်ယောက်အတွက်တော့ အတော်ပင်ကျယ်ဝန်းသည်ဟုဆိုရမည်။

"ဦးဆလိုင်း"

"ဝေ့"

နာမည်က ဆလိုင်းအောင်အောင်ဖြစ်ပေမယ့် ရွာကထွက်တာနဲ့ နာမည်က ဆလိုင်းလို့သာအလွယ်‌အခေါ်ခံရသည်။ကြာတော့ ကျင့်သားရသွားကာ အသိအားလုံးလည်း နူတ်ကျိုးသွားကြသည်။ရွာမှာဆိုရင်တော့ ဦးအောင်လို့သာခေါ်ကြ၏။

"ကျွန်တော်ပစ္စည်းယူရအုန်းမယ်ဗျ"

"အေ့ ယူလေ...."

"ယူရမှာက ပြန်ခေါက်ရမှာမို့လေ"

"မင်းနှယ်....၊အဲ့တာများပစ္စည်းဝင်ယူပြီးမှ ငါတို့ဝင်ခေါ်ရတာပဲကို"

"ကျွန်တော်လည်း အခုမှသတိရသွားလို့လေ ဦးဆလိုင်းရဲ့"

"အေးကွာ...အေးကွာ...၊ဘယ်အထိ ပြန်ခေါက်ရမှာလဲ"

"နတ်ကြီးကုန်းကိုနည်းနည်းကျော်မှာ ဦးဆလိုင်း"

"သွားရမှာဆိုတော့လည်းသွားရမှာပေါ့....၊ကဲ သွား သွား....၊လူလေးတို့ရေ ခရီးကပြန်ခေါက်စရာလေးရှိနေလို့ ၂နာရီလောက်မှ ကလေးကပြန်စထွက်လို့ရမှာ အဆင်ပြေလား"

ခေါင်းခန်းက ဦးလေးကြီးအသံကြောင့် ဇမ်းရောညွှန်းပါ ခေါင်ထောင်လာတာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိ၏။ပြီးမှ ညွှန်းက....၊

"ဟုတ်ကဲ့ ပြေပါတယ် ဦးလေး"

"အေးအေး.....၊ကဲ မောင်း မောင်း"

You are My BoneWhere stories live. Discover now