Arc 4🗡175🗡မင်းငါနဲ့ တိုက်ချင်လို့လား?

85 9 0
                                    

Chapter (175) Arc 4
မင်းငါနဲ့ တိုက်ချင်လို့လား?

အရင်ကတော့ ဖန်းချန်ဟာ လူတိုင်းက သူ့ရဲ့ကြိုးစား အားထုတ်မှုတွေကို မြင်လို့ သူ့ရဲ့အတိတ်က အရည်အချင်းတွေကို အခြေခံပြီး ကျောင်းကို ပြန်လည်တည်ဆောက်ဖို့ အခွင့်အလမ်း ပေးခဲ့တာပဲလို့ ထင်မြင်ခဲ့သည်။

သူ၏ ပြိုင်ဘက်များကပင် သူ့ကို ဆွဲချရန် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့သော်လည်း လိုအပ်နေသော မိတ်ဆွေတွေက အမှန်တကယ်ပင် ထိုကဲ့သို့ ဆွဲချချင်နေသူတွေ ဖြစ်နေတာမို့ သူ့ကို အနည်းငယ် ဝမ်းနည်းသွားစေခဲ့သည်။

ယခုတော့ သူ့အား အပြစ်မတင်လိုသော ဤလူများသည် သဘာဝအတိုင်း အကြံအစည် ရှိနေခဲ့ကြောင်း သူ ရုတ်တရက် သဘောပေါက်သွားသည်။

အထူးသဖြင့် ယခုအကြိမ်ဟာ ယခင်သုံးကြိမ်ကလို ရှုံးနိမ့်သွားခဲ့ရင် မိတ်ဆွေဆိုတဲ့ လူတွေက သူ့ကို ဆွဲချသွားကြတော့မှာ ဖြစ်ပေ၏။

ထျန်းလုံကျောင်းတော်သည် ကြီးမားသော အိမ်ကွင်းလို အားသာချက်ကို ရရှိထားသည်။ ပြိုင်ပွဲကာလအတွင်း ထျန်းလုံမြို့ တစ်ခုလုံး လာရောက်ကြည့်ရှုမည်ဟု စိတ်ကူးနိုင်သည်။

သားသမီးများ၏ သူရဲကောင်းဆန်သော အသွင်အပြင်၊ ကျောင်းတော်၏ အောင်မြင်မှုများ၊ ကျောင်းသားများ၏ ကျော်ကြားမှုနှင့် ဂုဏ်ကျက်သရေတို့ကို လာကြည့်ကြမည်။

သို့သော် ထျန်းလုံကျောင်းတော် အရှက်တကွဲ အရှုံးကြီး ရှုံးသွားခဲ့ရင်တော့ ထျန်းလုံကျောင်းတော်က ဘယ်လို အကြောင်းပြချက်တွေ ပေးနိုင်ပါ့မလဲ။

တစ်ခါ၊ နှစ်ခါ၊ သုံးခါတောင် ရှုံးပြီးပြီ။ ဒီတစ်ခါပါ ထပ်ရှုံးသွားရင် ရှင်းပြစရာ အကြောင်းက မရှိနိုင်တော့ဘူး။

ဒေါသထွက်နေသော လူအုပ်ကြောင့် ထျန်းလုံကျောင်းတော် ပြိုကွဲသွားနိုင်သည်။ ထိုအခါ ကျောင်းက ထိုဒေါသထွက်နေသော ပြည်သူများ၏ ဒေါသကို ဖြေလျှော့လိုလျှင် အပြစ်ပေးသည့် ဆိတ်တစ်ကောင်ကို သဘာဝအတိုင်း ပူဇော်ပေးရမည်။

ဘယ်သူက အသင့်တော်ဆုံးလဲ။ သေချာတာကတော့ သူက အသင်းကို လေးကြိမ်ဆက်တိုက် ဦးဆောင်ပြီး အရာအားလုံးကို ဆုံးရှုံး​စေခဲ့တဲ့ အရှုံးသမားပဲမို့ သူက ယဇ်ကောင် ဖြစ်သွားမှာပင်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now