Arc 4🗡136🗡လျှပ်စီးငှက်

76 9 0
                                    

Chapter (136) Arc 4
လျှပ်စီးငှက်

ထျန်းလုံမြို့မှာ အခွင့်အရေး အာဏာအရှိဆုံးက ဘယ်သူလဲ?

၁၀၀မှာ ၈၀%ရှိ လူများက ၎င်းမှာ ထျန်းလုံးကျောင်းတော်မှ ကျောင်းအုပ်ကြီး ဖြစ်သည်ဟု ဆိုကြပေသည်။ တချို့သော လူများကတော့ ထျန်းလုံဧကရာဇ်အင်ပါယာရဲ့ ဘုရင်မင်းမြတ်က ကျောင်းအုပ်ကြီးကိုပင် မကျော်နိုင်ဘူးဟု ပြောကြသည်။

ထျန်းလုံကျောင်းတော် လက်ရှိကျောင်းအုပ်ကြီး၏ အဆင့်နှင့် ပတ်သက်၍ မည်သူမျှ တိတိကျကျ မသိပေ။ တချို့က သူတော်စင်ဟု ဆိုကြပြီး တချို့က သူတော်စင် အထွတ်အထိပ်ဟု ဆိုကြကာ တချို့မှာ သူတော်စင်​​ကြီးဟုပင် ဆိုကြသည်။

သို့သော်လည်း မကြာသေးမီ နှစ်များအတွင်းက ကျောင်းအုပ်ကြီးသည် လူတိုင်းရှေ့မှောက်တွင် အချိန်အတော် ကြာအောင် ပေါ်မလာခဲ့သလို ကျောင်းအတွင်းက ပါမောက္ခတချို့ပင် ဌာနမှူးကို ထပ်မံတွေ့ခွင့် မရှိခဲ့ပေ။

အမှန်တကယ် တာဝန်ခံသူများသည် ဒုကျောင်းအုပ် လေးဦးနှင့် ယခင်က ကျောင်းတက်ခဲ့သည့် အထူးချွန်ဆုံး ကျောင်းသား ကိုးဦးဖြင့် ဖွဲ့စည်းထားသည့် ဂုဏ်ပြုအဖွဲ့သာ ဖြစ်သည်။  သို့သော် သာမန်ကျောင်းသားများ အတွက် ၎င်းတို့သည် ရာထူးကြီးပြီး ထူးထူးခြားခြား ကြီးမားသော ပုဂ္ဂိုလ်များ ဖြစ်နေဆဲပင်။

သာမန်ကျောင်းသားများ အတွက် အောက်တန်းနှင့် အထက်တန်းများ ဟူ၍ အတန်းခွဲထားသည်။

ယခုအချိန်တွင် အငယ်တန်း ကျောင်းအုပ်ကြီးရုံးခန်းတွင် ကျောင်းသား အများအပြား ငိုယိုနေကြသည်။ လုရွှမ်သာ ရှိနေရင် ဒီကျောင်းသား အနည်းငယ်ဟာ ဓားလျှိုမြောင်မှာ သူတွေ့ခဲ့တဲ့ လူတစ်စုဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိလိမ့်မည်။

"အကြီးအကဲဖန်း... အဲဒီလုရွှမ်က ရက်စက်ပြီး အရှက်ကင်းမဲ့တဲ့ လူကြမ်းတစ်ယောက်ပဲ...  ဆရာ ကျွန်မတို့ကို ကာကွယ်ဖို့အတွက် အဲဒီလူကို သတ်ပစ်ဖို့ တိုက်ခိုက်ခဲ့တာ ဒါပေမဲ့ သူကဆရာ့ကို သတ်သွားခဲ့တယ်... ကျွန်မတို့မှာ စွမ်းအား မလုံလောက်လို့ ဆရာ့အတွက် လက်စားမချေနိုင်ခဲ့ဘူး... အဲဒါကြောင့် သူ့ကို သတ်ပစ်ဖို့ ကျောင်းကိုပြန်လာပြီး တောင်းဆိုတရတာပါ!"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now