Arc 4🗡145🗡နဂါးဖြူဓား (ပိုင်လုံဓား)

94 10 0
                                    

Chapter (145) Arc 4
နဂါးဖြူဓား (ပိုင်လုံဓား)

အနီရောင် စွမ်းအင်သည် လုရွှမ် ကျောက်စိမ်းပြားထဲမှ ထုတ်ယူခဲ့သော နဂါးသွေးသံ ဖြစ်သည်။

ဘယ်လက်နက်မှာမဆို နဂါးသွေးသံကို ထည့်သွင်းသန့်စင်ပါက အရည်အသွေးသည် တိုက်ရိုက် နှစ်ဆတိုးလာမှာ ဖြစ်သည်။

လူတိုင်းက ထျန်းလုံဧကရာဇ်အင်ပါယာရဲ့ အရည်အချင်းရှိ အမျိုးသမီး လေးယောက်ဟာ သူတို့ရဲ့ နာမည်နဲ့ ထိုက်တန်အောင် ထက်မြတ်တယ်လို့ ပြောရမယ်ဆိုရင်တောင် လုရွှမ်ရဲ့ မျက်လုံးထဲမှာတော့ ဘယ်သူမှ အရည်အချင်း မရှိသလောက်ပင်။

ဖီးနစ်မီးတောက်၏ လောင်ကျွမ်းမှု အောက်တွင် အညစ်အကြေး တချို့ လောင်ကျွမ်းသွားပြီး မီးခိုးများ လွင့်စင်သွားကာ လုရွှမ် လက်ထဲတွင် အရည်ဘောလုံး တစ်လုံး ကျန်ခဲ့သည်။ ထိုအရည်မှာ အနီရောင် အလင်းတန်းများ ဖြာထွက်နေပြီး အလွန်စိတ်လှုပ်ရှားဖွယ် ကောင်းသည့် အလင်းတန်းများကလည်း တစ်ခုပြီးတစ်ခု လင်းလက်နေသည်။

မင်းသမီးပိုင်လုံမှာ အရည်ဘောလုံးကို တင်းတင်းကြပ်ကြပ် စိုက်ကြည့်ရင်း အလွန်အမင်း စိတ်ဝင်စားနေ၏။

သွန်းလုပ်ထားသော သတ္တုသည် လုရွှမ် လက်ထဲတွင် အဆက်မပြတ် ရွေ့လျား၍ ပုံသဏ္ဌာန်အမျိုးမျိုး အဖြစ်ပြောင်းလဲလျက် ရှိသည်။ ယုန်ငယ်လေး၊ လင်းယုန်တစ်ကောင် စတာတွေအပြင် မရေမတွက်နိုင်သော ပြောင်းလဲမှုများနှင့်အတူ မြွေတစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြန်သည်။

လူတိုင်းမှာ မျက်တောင်မခတ်နိုင်ကြချေ။ ဒါက သူတို့ လုံးဝ နားမလည်နိုင်တဲ့ အရာတွေကို ဖန်တီးနေတာ ထင်ရှားပါ၏။ အရင်တုန်းက သူတို့တွေ့ဖူးတဲ့ လက်နက်သန့်စင်တဲ့ ဆရာတချို့နဲ့ နှိုင်းယှဉ်ကြည့်ရင် အဲဒီလူတွေရဲ့ အဆင့်က သခင်လေးယွမ်ယန်ရဲ့ ဖိနပ်ပေါ်က ဖုန်မှုန့်လောက်တောင် တန်ဖိုးမရှိတော့ချေ။

လုရွှမ်သည် သူဆော့ကစားနေတာ လုံလောက်နေပြီ ဖြစ်တာကြောင့် သတ္တုကို ဓားသန္ဓေသား ပုံသဏ္ဌာန်အဖြစ်သို့ တဖြည်းဖြည်း ဆွဲထုတ်လိုက်သည်။ တကယ်တော့ ဒါက လုရွှမ်ရဲ့ ကစားနည်း မဟုတ်ချေ။ ဒါက သူ့ရဲ့ယခင်ဘဝက သူ့ရဲ့ထူးခြားတဲ့ တိမ်တိုက်ရေဖောက် သန့်စင်နည်းပဲ ဖြစ်လေ၏။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now