Arc 4🗡174🗡တောင်းဆိုမှု

51 7 0
                                    

Chapter (174) Arc 4
တောင်းဆိုမှု

"ပါမောက္ခဖန်းချန်... ခင်ဗျားကျောင်းရဲ့ အငွေ့အသက်က သိပ်သည်းလွန်းတယ်.... ထိန်းသိမ်းတာက သင့်တော်တယ် ဆိုပေမယ့် ဖွံ့ဖြိုးတိုးတက်ဖို့ မသင့်တော်ဘူး... ခင်ဗျား သိထားရမှာက စစ်သည်တွေက တောက်လောင်နေတဲ့ စိတ်ဓာတ်တွေ လိုအပ်နေတယ် ဆိုတာပဲ"

စကားလုံးတွေက ပိုလေးနက်လာပြီး လက်ထောက်ဆရာ နှစ်ယောက်ရဲ့ မျက်နှာတွေက ဒေါသ အရိပ်အယောင်တွေ ဖုံးကွယ်နေခဲ့သည်။ သို့သော် ပါမောက္ခဖန်းချန်က ဒေါသမထွက်သေးဘဲ သူ့မျက်နှာပေါ်တွင် အရှက်အကြောက် ကြီးစွာဖြင့် အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။

"မှန်ပါတယ်... ဒီအဘိုးကြီးက အဖြစ်မှန်နဲ့ ပတ်သက်လာရင် ဆုံးဖြတ်တာ နည်းနည်း ပြက်သားနိုင်လွန်းတယ်"

လုရွှမ်က ဆက်၍

"ဒါကြောင့် ပါမောက္ခဖန်းချန်က အဖွဲ့ကို ဆက်ဦးဆောင် နေဦးမယ်ဆိုရင် ဒီအချိန်မှာ ခင်ဗျား​ရဲ့ခေါင်းဆောင်မှု မူဝါဒကိုပဲ ဆက်ပြီး လုပ်ဆောင်နေမယ်လို့ ကျုပ်သတ္တိရှိရှိ ခန့်မှန်းနိုင်တယ်... ဒီပြိုင်ပွဲပြီးရင် ထျန်းလုံကျောင်းတော်မှာ ပါရမီရှင်တွေ အများကြီး ကျန်တော့မှာ မဟုတ်ဘူး..."

"ဒီအမှန်တရားကို ကျုပ် နားလည်နိုင်သလို တခြားသူတွေလည်း ပိုနားလည်နိုင်မှာပဲ... ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ဘယ်သူက ပါဝင်ရဲမှာလဲ?"

ပါမောက္ခဖန်းချန်က ခေါင်းယမ်းပြလိုက်ရင်း သူ့မျက်နှာက အပြစ်တွေ ပိုများလာသလို ခံစားရပေမယ့် ဘယ်လိုဖြေရမှန်း မသိတော့ချေ။

ထိုအခါ သင်ကြားရေး လက်ထောက်နှစ်ဦးက

“ဒါပေမဲ့ ကျုပ်တို့မှာ တတ်နိုင်တဲ့လူ များများစားစား မရှိပါဘူး....ဒုကျောင်းအုပ်နဲ့ အကြီးအကဲတွေတောင် သူတို့တပည့် နည်းနည်းကိုပဲ ခေါ်ထုတ်လာတယ်... ကျုပ်တို့ ညွှန်ကြားချက်တွေကို လုံးဝ နားထောင်မှာ မဟုတ်ဘူး....ကျုပ်တို့လည်း ဘာလုပ်ရမှန်း မသိတော့ပါဘူး!"

"ဟုတ်တယ်.... သူတို့အတွက် ဒီရာထူးက အရမ်းဂုဏ်ယူကောင်းတယ်လို့ ထင်​နေရင် ကျုပ်သူတို့ကို ဒီနေရာကနေ ဖယ်ရှားပေးနိုင်တယ်"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now