Chapter (173) Arc 4
အခြေအနေကို ခွဲခြမ်းစိတ်ဖြာခြင်းထုံးစံအတိုင်း လုရွှမ်ဟာ သူ့အတိတ်က ဝါသနာအရ သူ့ခြံလေးကို စီစဉ်ထားသည်။
လုရွှမ်အမြင်တွင် ရိုးရှင်းပြီး ပေါ့ပေါ့ပါးပါး ရှိသော အသွင်အပြင်သည် သူတို့သုံးဦး၏ မျက်လုံးများကို ပွင့်စေခဲ့သည်။ တစ်ယောက်ကို တစ်ယောက် ဂရုတစိုက် ကြည့်ပြီးနောက် သူတို့ သုံးယောက်၏ မျက်လုံးများတွင် လေးလေးနက်နက် သဘောကျမှုများ ပေါ်လာ၏။
လုရွှမ်ရဲ့ နယ်ပယ်က ဘယ်လောက်ပဲ နိမ့်နေပါစေ သူတို့သုံးယောက် အတွက် လုံးဝအသစ်အဆန်းတွေချည်းပင်။
"မိတ်ဆွေတို့ သုံးယောက် ထိုင်ပြီး လက်ဖက်ရည် သောက်ပါဦး"
လုရွှမ် မင်းသား၄နဲ့ တခြားခြံဝင်းတွေရဲ့ လျှို့ဝှက်ခန်းမှ သဘာဝကျကျ ခိုးယူလာခဲ့သော ထိပ်တန်း မှော်လက်နက် လက်ဖက်ရည်ခွက်ဖြင့် လက်ဖက်ရည်ကို တည်ခင်း ဧည့်ခံလိုက်သည်။
ဝိညာဉ်ရေ လောင်းထည့်လိုက်သော် ကြွယ်ဝသော လက်ဖက်ရည်၏ ရနံ့များ ထွက်ပေါ်လာပြီး အေးချမ်း တိတ်ဆိတ်သော ရောင်ဝါများ ဖုံးလွှမ်းသွားခဲ့သည်။
"ဒါက ဒဏ္ဍာရီထဲက ကောင်းကင်နဂါး မွှေးရနံ့ လက်ဖက်ရည်များလား"
ဝိညာဉ်လက်ဖက်ရည်၏ ထူးကဲထူးခြားမှုကို ခံစားလိုက်ရသဖြင့် ဖန်းချန်သည် သူ့စိတ်ထဲက လှုံ့ဆော်မှု အငွေ့အသက်များ အတိုင်း စကားသံတို့ ထွက်ပေါ်လာသည်။
သူတို့သုံးဦးသည် ထျန်းလုံကျောင်းတော်မှ ဆရာ၊ ပါမောက္ခများ ဖြစ်ကြသော်လည်း သူတို့၏ အဆင့်သည် မလုံလောက်သေးသော်လည်း အဆင့်မြင့် မှော်ကိရိယာများကို ရံဖန်ရံခါသာ ကြားသိခဲ့ရသည်။
ဒီအရည်အသွေးမြင့် ဝိညာဉ်လက်ဖက်ရည်ကို အမှန်တကယ် မြည်းစမ်းခွင့် ရခဲ့မယ်လို့ မမျှော်လင့်ထားကြချေ။
လုရွှမ် ပြုံးပြီး တစ်ယောက်စီအတွက် ခွက်တစ်လုံးစီ ထပ်ငှဲ့ပေးလိုက်သည်။
"အိုး... လတ်စသတ်တော့ အဲ့လိုခေါ်တာလား? အရသာက သာမန်ပဲ မဟုတ်ဘူးလား?"