Arc 4🗡198🗡စစ်သေနာပတိဟန်

47 9 0
                                    

Chapter (198) Arc 4
စစ်သေနာပတိဟန်

ရုတ်တရက် သူ့ပခုံးတွေကို လူတစ်ယောက်က ဖမ်းဆုပ်လာ၏။

"ဟယ်စန်.... မင်းဘာလို့ ထွက်ပြေးနေတာလဲ? မင်းသားလေးရဲ့ ရတနာကို ခိုးသွားတဲ့လူကို တွေ့ပြီလို့ မင်းပြောနေတာ မဟုတ်ဘူးလား? အခုတွေ့ပြီလေ မင်းဘာလို့ ထွက်ပြေးနေတာလဲ? သူကဘယ်သူလဲ ဆိုတာ ငါမေးချင်လို့ပါ"

စကားပြောသူမှာ အရပ်ရှည်သော လူရွယ် ဖြစ်ပြီး တစ်ကိုယ်လုံး ငွေရောင်ချပ်ကာဖြင့် ရစ်ပတ်ထားကာ မျက်လုံးတစ်စုံသာ အေးစက်ပြီး သေခြင်းတရားနှင့် ပြည့်နှက်နေ၏။ သူ့ကို ကြည့်လိုက်လျှင် အသက်ရှင်နိုင်သညိ့ အရိပ်အယောင် မရှိတော့သလိုပင်။

တစ်စုံတစ်ယောက်က တစ်ချက် ကြည့်လိုက်မိရုံနဲ့ လူတွေကို သူတို့ရဲ့ ရင်ဘတ်ထဲမှာ အေးခဲသွားစေနိုင်တဲ့အထိ သူ့အရှိန်အဝါက ပြင်းထန်လှသည်။

ဟယ်စန်းက အော်ဟစ်လိုက်ပြီး သူ့ပခုံးကို ဆုပ်ကိုင်ထားသော နေရာက သည်းမခံနိုင်တဲ့ ဝေဒနာကို ခံစားလိုက်ရသည်။ ဒီနေ့ ဘဝမှာ ရှစ်ကြိမ်မြောက် ကံမကောင်းခဲ့တာပဲ။ စောစောထပြီး ပြိုင်ပွဲကို ကြည့်ချင်ခဲ့တာ။ ဒီနှစ်ပြိုင်ပွဲက အရမ်းစိတ်ဝင်စားဖို့ ကောင်းတယ်လို့ ကြားမိလို့လေ။

ရလဒ်အနေနဲ့ သူစိတ်လှုပ်ရှားသွားပြီး စကားအနည်းငယ် ဝါကြွားမိသွားသည်။ တစ်စုံတစ်ယောက်ကို ရှာဖို့ တွန်းအားပေးတဲ့ ထျန်းလုံ အစောင့်တပ်တွေဆီက ခြိမ်းခြောက်ခံခဲ့ရသည်။

ကောင်းပြီ။ အဲဒါကို ရှာတွေ့ပြီပဲမလား။ ထျန်းလုံအစောင့်သည် အနည်းငယ် ခက်ထန်သော်လည်း သူနာခံနေသရွေ့ သေမည် မဟုတ်ပေ။ သို့သော် သူခိုးသည် ထျန်းလုံကျောင်းတော်ရဲ့ ရာထူးတိုး ကျောင်းအုပ်ကြီး ဖြစ်နေမယ်လို့ ဘယ်သူက ထင်မှာလဲ။

သူ့သတ္တိတွေကို ငှားထားရင်တောင် ထျန်းလုံကျောင်းအုပ်ကို သူခိုးလို့ မစွပ်စွဲဝံ့ပါ။

ဝုန်းဝုန်း ဝုန်း

ဟယ်စန်း ခန္ဓာကိုယ်မှ သွေးများ ထွက်ကျလာကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့စိတ်တွေ လှုပ်ရှားလာပြီး မြေပြင်ပေါ်မှာ လဲလျောင်းနေပြီး နောက်တစ်ကြိမ် ထပ်မလှုပ်ရဲတော့ဘဲ သတိလစ်သွားဟန် ဆောင်လိုက်သည်။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Where stories live. Discover now