Chapter (235) Arc 4
အန္တရာယ်ရှိသော လမ်းမ
လူခုနှစ်ယောက် ရှစ်ယောက်ခန့် ပြေးထွက်လာကြသည်။ ၎င်းတို့သည် အရှေ့က မသိနားမလည်ဘဲ ရပ်နေကြသော အသွင်အပြင်ကြောင့် ဆွံ့အသွားကြသည်။ လမ်းမနဲ့ မနီးမဝေးကို ရောက်တဲ့အခါ ပေါက်ကွဲသံနှင့်အတူ သူ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်သို့ ရုတ်တရက် ပြိုကျသွားပြီး ခန္ဓာကိုယ်အရိုးများ ကွဲအက်ကာ သွေးတွေ ပါးစပ်ထဲက ထွက်ကျလာခဲ့သည်။
"အစ်ကိုဝမ် မင်းဘာဖြစ်နေတာလဲ"
"အစ်ကိုလီ.... အဆင်ပြေရဲ့လား"
ထိုခုနစ်ယောက် ရှစ်ယောက်ထဲမှာ သူတို့နောက်မှာ လိုက်လာတဲ့ သူငယ်ချင်းတွေ အများကြီး ရှိကြသည်။ သူတို့ရဲ့ မိတ်ဆွေ ဒုက္ခရောက်နေတာကို မြင်တော့ ထိုလူတွေက ခပ်မြန်မြန်ပဲ အော်ဟစ်လိုက်သည်။
“ထောင်ချောက်တစ်ခု ရှိတယ်”
တစ်စုံတစ်ယောက်က လှမ်းအော်သည်။ လူတိုင်းသည် ဒေါသအပြည့်ဖြင့် လုရွှမ်နှင့် အောင့်ယွဲ့တို့အား စိုက်ကြည့်လိုက်ကြသည်။
"မင်းတို့နှစ်ယောက် ဒါ ဘာသဘောလဲ?"
ကျောက်စိမ်းကဲ့သို့ ဖြူစွတ်သော မျက်နှာဖြင့် အမျိုးသားတစ်ဦးသည် လမ်းမပေါ်တွင် ပိတ်မိနေသော ကျင့်ကြံသူ မိန်းကလေး၏ အဖော်ဖြစ်ကာ သူက ဒေါသတကြီး ထအော်လာ၏။ ဤအခိုက်အတန့်တွင် သူမ၏ ခန္ဓာကိုယ်သည် မြေပြင်ပေါ်တွင် လဲလျောင်းနေသော်လည်း သူမည်သို့ပင် ခေါ်နေပါစေ သူမသည် မလှုပ်မယှက် ဖြစ်နေသည်။
အလွန်အမင်း စိုးရိမ်လာသဖြင့် သူက လုရွှမ်ဆီသို့ လျှောက်သွားပြီး သူ့ကို တွန်းချလိုက်သည်။ လုရွှမ် အေးစက်စွာ လှောင်ရယ်၍ သူ့ခြေထောက်ကို မြှောက်လျက် တစ်ခါတည်း ကန်ပစ်လိုက်တော့သည်။
မျက်နှာဖြူဖြူနဲ့ ယောက်ျားပျိုသည် သူတော်စင်တစ်ပိုင်း စတုတ္ထအဆင့်မှ လူငယ်လေး လုရွှမ်က သူ့အား ပြန်လည် တိုက်ခိုက်ဖို့ အစပြုဝံ့မည်ဟု မထင်ခဲ့ပေ။ သူ့လက်ဖဝါးထဲ ခွန်အားတွေကို ထပ်ဖြည့်နေတဲ့ အချိန်မှာပဲ ဟိုကသူ့ကို ကန်ထုတ်ပစ်လိုက်ပြီ။
