Chapter (246) Arc 4
အခင်းအကျင်းကို ချိုးဖျက်
လုရွှမ်အား သတိထားဖို့ ပြောလာသူသည် တစ်ဖက်တွင် ရပ်နေသော သားသတ်သမား ဖြစ်ပြီး သူ့အသံမှာ ယခုအခိုက်တွင် အနည်းငယ် ဆို့နင့်နေ၏။
လုရွှမ် ပြုံးပြီး လက်ဝှေ့ယမ်းကာ သူ့ခေါင်းကို လှည့်၍ အခင်းအကျင်းဆီသို့ လျှောက်သွားလိုက်သည်။
ဤမြင်ကွင်းသည် လူပေါင်းများစွာ၏ ရင်ထဲ၌ ထာဝစဉ် ထွင်းထုထားခဲ့ပြီ။ နှစ်များစွာ ကြာပြီးနောက်တွင် ၎င်းတို့အားလုံးသည် ထိုပြောင်ပြောင်တင်းတင်း ရပ်တည်ရဲသော ရုပ်ပုံလွှာကို မှတ်မိနေကြတော့မှာ ဖြစ်သည်။
လုရွှမ်၏ ခန္ဓာကိုယ်မှ ပျော့ပျောင်းသော်လည်း အားကောင်းသည့် ရောင်ဝါတစ်ခု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ အစတွင် သူ သတိမထားမိသော်လည်း တဖြည်းဖြည်း အားကောင်းလာပြီး တခဏချင်းတွင် အကြိမ်ပေါင်း ထောင်နှင့်ချီ၍ ပြင်းထန်စွာ လှိုင်းလုံးကြီး တစ်ခုလို ဖြစ်လာ၏။
လုရွှမ်၏ နောက်ကျောသည် သူတို့ဘက်သို့ လှည့်ထားသော်လည်း အရှိန်အဟုန်သည် ကြီးမားသော လှိုင်းလုံးကြီး တစ်ခုကဲ့သို့ ကမ္ဘာတစ်ဝှမ်းကို ဖြတ်ကျော်ကာ ကောင်းကင်နှင့် နေကိုပင် ဖုံးလွှမ်းသွားတော့မလို ခံစားနေရသည်။
ရက်အနည်းငယ် ကြာအောင် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ရသော်လည်း လုရွှမ်ရဲ့ ခွန်အားက သူတို့ အကဲဖြတ်ထားတာထက် နည်းနည်း မြင့်လာပြန်သည်။
လုရွှမ်သည် သူ၏ ခွန်အားကို ပြသရန် စိတ်မ၀င်စားဘဲ လုံးလုံး သတိမမူမိသေးပေ။ သို့သော် သူသည် အခင်းအကျင်းထဲသို့ ဝင်သွားသောအခါတွင် သူ့မျက်လုံးများ တောက်ပလာပြီး ချက်ချင်း မြင်လိုက်ရသည်မှာ ပိန်လှီနေသော အဖော် လေးယောက် ဖြစ်နေသည်။
အောင့်ယွဲ့က အခင်းအကျင်းထဲကို ဝင်ပြီးရင် အတွင်းက လူတွေက အပြင်မှာ အပြောင်းအလဲတွေ ဖြစ်နေတာကို မခံနိုင်တော့ဘူးလို့ ဆိုထားသည်။ နောက်ဆုံး သွေးစတေးမှုတွင် သွေးမိုးရွာ မလာမီအထိ သူတို့သည် သွေးယဇ်ပူဇော်ခြင်းတွင် ပိတ်မိနေကြောင်း နားလည်ကြမည် မဟုတ်ပေ။
