Chapter (142) Arc 4
ပါးရိုက်ခြင်း"သခင်လေး ယွမ်ယန်က ဘာကို ပြောချင်တာလဲ? ကျွန်တော် ခဏ မှင်သက်သွားလို့ ရှင်းရှင်းလင်းလင်း မကြားလိုက်ရဘူး"
ဝမ်ဟေးလျန်က သိမ်ဖျင်းသော အမူအရာဖြင့် ပေါ့ပေါ့တန်တန် ပြောကာ သူ့စကားထဲ မာနကြီးပြီး ဒေါသကြီးနေသော အရိပ်အယောင်များပင် ထင်ဟပ်နေသေးသည်။
မင်းသမီးပိုင်လုံရဲ့ မျက်နှာမှာ အံ့အားသင့်သွားသော အမူအရာများ ပေါ်လာပြီး စိုးရိမ်မှုတွေ အပြည့်နဲ့ သူမ သွားတွေကို အံကြိတ်၍ လုရွှမ်ရှေ့မှာ ရပ်လိုက်သည်။
"သခင်လေး ယွမ်ယန်က ငါ့ဧည့်သည်ပါ ဝမ်ဟေးလျန်.... မင်း သူ့ကို ခြိမ်းခြောက်ဝံ့တယ်ပေါ့ မင်းတို့ ထျန်းလုံကျောင်းတော်က ဝင်ပါတာ အရမ်း များလာသလိုပဲနော်?"
"ဟဲဟဲ... ကျွန်တော်က တစ်ခုခု ပြောခဲ့မိလို့လား? ရှင်းရှင်းလင်းလင်း မကြားရလို အစ်ကိုယွမ်ယန်ရဲ့ စကားကို ထပ်နားထောင်ချင်သေးရုံပါ ဒါက ခြိမ်းခြောက်မှု တစ်ခုလိုများ ဖြစ်သွားလို့လား? မင်းသမီးပိုင်လုံက အရမ်း စိုးရိမ်တတ်တာပဲ"
ဝမ်ဟေးလျန်က ရှုတ်ချစွာ ဆိုလိုက်သည်။
လုရွှမ်လည်း အံ့ဩသွား၏။ နှစ်သုံးရာလောက် ကြာသွားတာနဲ့ သူ့အတွေးတွေက ဒီခေတ်လူတွေနဲ့ အဆက်အသွယ် ပြတ်သွားတာလား? ဒီလို မာနကြီးတဲ့ သူတွေလည်း တကယ်ရှိသေးတယ်ပေါ့။
တခြားသူတွေရဲ့ စွမ်းပကားနဲ့ နောက်ခံကိုသာ မသိခဲ့ရင် သူတို့ကို ခြိမ်းခြောက်ဝံ့ပြီး သူ့ခေါင်းကိုပါ တက်ရိုက်တော့မှာ မဟုတ်ဘူးလား။ ဒီလိုလူမျိုးကို ဆက်ဆံဖို့ မျက်နှာသာ ပေးရမယ်ဆိုရင် ကိုယ့်ကိုကိုယ် ပါးပြန်ရိုက်ဖို့ပဲ ရှိတော့တယ်။
လုရွှမ်ကလည်း ရယ်၍
"ငါပြောတာကို ရှင်းရှင်းလင်းလင်း မကြားရဘူး ဟုတ်လား? ဒါဆို ငါ မင်းကို ထပ်ပြောမယ်!"
ဝမ်ဟေးလျန်က ရယ်မောလိုက်ပြီး မင်းသမီးပိုင်လုံကတော့ ဝမ်းနည်းသွားဟန်ဖြင့် ကြည့်လိုက်သည်။ လုရွှမ်ရဲ့ ကြင်နာသော အသံကို ကြားလိုက်ရပြီး သူမ ရှုံးသွားပြီမှန်း သိလိုက်ရသည်။