Arc 4🗡147🗡အဘိုးကြီးချန်းရွှင်

77 7 0
                                    

Chapter (147) Arc 4
အဘိုးကြီးချန်းရွှင်

လုရွှမ် ယခင်က သူတော်စင်နယ်ပယ်ကို ခံစားမိခဲ့သော်လည်း ၎င်းက ထွက်ပေါ်မလာခဲ့ပေ။ ထင်ရှားသည်မှာ သူတို့သည် ထျန်းလုံကျောင်းတော်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိရမည်။ ယနေ့ ထျန်းလုံကျောင်းတော်မှ ကျောင်းသားများကို မင်းသမီးပိုင်လုံက ပညာပြလိုက်တာကြောင့် သူတို့ဘက်ကလည်း လှုပ်ရှားလာခဲ့သည်။

လူတော်တော်များများက ဒီအမှန်တရားကို နားလည်ကြသည်။ လုရွှမ်က မင်းသမီးပိုင်လုံရဲ့ အိမ်တော်မှ အခင်းအကျင်းကို ကူညီပြင်ဆင် ပေးခဲ့ပြီးနောက် ထိုသူတော်စင်က မင်းသမီးပိုင်လုံရဲ့ အိမ်ကြီးထဲကို ဖောက်ဝင်ချင်နေရင်တောင် အိပ်မက်တစ်ခုလိုသာ ဖြစ်နေလိမ့်မည်။

ထိုလူတွေ ဘယ်လောက်ပဲ သန်မာနေပါစေ အခင်းအကျင်းက ခိုင်မာနေတော့ သူတို့ ဘာမှ လုပ်လို့ မရဘူး။ ဒီကာလအတွင်း အခြေအနေသည် တဖြည်းဖြည်း တည်ငြိမ်လာပြီး အဘွားကြီးလည်း ဧကရာဇ်မြို့တော်သို့ ပြန်သွားရာ ထိုသူတော်စင်က ချက်ချင်း လှုပ်ရှားလိုက်တော့သည်။

လုရွှမ်လည်း ဤရက်များတွင် ထွက်ခွာရန် ရွေးချယ်ခဲ့ခြင်း မရှိသည့်အပြင် ထိုသူတော်စင်များကိုလည်း စိတ်ပူနေခဲ့သည်။ သူခန့်မှန်းတာသာ မှန်ကန်ပါက ပိုင်လုံမြို့တွင် ပုန်းနေသော  သူတော်စင် သုံးဦးရှိသည်။ သူတို့အားလုံးသည် ပထမအဆင့်တွင် သူတော်စင်နယ်ပယ်များ ဖြစ်သည်။

သူတော်စင်တစ်ပိုင်းနဲ့ ဝေးကွာလွန်းသော တကယ့် သူတော်စင်များ ဖြစ်သည်။ ဘယ်လိုသန်မာတဲ့ သူတော်စင်တစ်ပိုင်းနှင့်မျှ မယှဉ်နိုင်လောက်အောင်ပင်။ လုရွှမ် ကိုယ်တိုင်ပင်လျှင် ထိုသူတော်စင်များနှင့် တိုက်ခိုက်ပါက နည်းလမ်းအကုန် သုံးလိုလျှင်ပင် အခြေအနေက အနည်းငယ် ဆိုးဝါးနေသေးသည်။

ထို့ကြောင့် ဘေးကင်းစွာ ထွက်ခွာလိုပါက မိမိကိုယ်ကို ကာကွယ်ရန် နည်းလမ်းရှိရန် လိုအပ်ပါ​သေးသည်။

"ဒါက သူတို့ဘက်က ပြောလာတဲ့ စကားတွေလား?"

"ဝမ်ဟေးလျန်ဘက်ကပါ"

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)जहाँ कहानियाँ रहती हैं। अभी खोजें