Arc 4🗡200🗡သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်လိုက်ပြီ

79 12 0
                                    

Chapter (200) Arc 4
သူတော်စင်တစ်ပိုင်းက သူတော်စင်ကို သတ်လိုက်ပြီ

လုရွှမ်ရဲ့ အရှိန် မြန်လာတာနဲ့အမျှ လေထဲတွင် ပွတ်တိုက်မှုများက ပိုမို မြန်ဆန်စွာဖြင့် အလင်းနှင့် အရိပ်ကို ဆွဲထုတ်လုနီးပါး ဖြစ်လာသည်။

မီးတောက်များသည် ချက်ချင်း ရုန်းကြွလာကာ စစ်သေနာပတိဟန်ကို လောင်ကျွမ်းစေခဲ့သည်။ သို့သော် လေပြင်းများ တိုက်ခတ်လာပြီး မီးတောက်များ ဖယ်ရှားလိုက်သဖြင့် စစ်သေနာပတိဟန်သည် ဖော်မပြ နိုင်လောက်အောင် ကျက်သရေရှိစွာ ရပ်နေတုန်းပင်။

လူအုပ်ထဲတွင် သူတော်စင်များစွာက တိတ်တဆိတ် ခေါင်းညိတ်​နေကြသည်။  စစ်သေနာပတိဟန် ဝမ်းနည်းဒေါသနှင့် အော်ဟစ် လိုက်သောအခါတွင် ငြိမ်သက်စွာ ရောက်ရှိလာကြပြီး သူတော်စင်တစ်ပိုင်းများ အပေါ် ဖိအားတစ်ခုက လွှမ်းခြုံသွားလေသည်။

သူတော်စင်များ အနေနှင့် သူတော်စင်နယ်ပယ်၏ ဖိအားကို လျော့ပါးစေမည့် သူတော်စင်တစ်ပိုင်း လူတစ်ယောက် အနိုင်ယူသွားမှာကို သဘာဝကျကျ မမြင်ချင်ကြပေ။ ဤအခိုက်တွင် စစ်သေနာပတိဟန် အသာစီးရသွားတာကို မြင်လိုက်ရသဖြင့် လူအများအပြား သက်ပြင်းချကာ ခိုးဝင်တိုက်ခိုက်မည့် အတွေးကို တိတ်တဆိတ် မျိုသိပ်ထားလိုက်သည်။

အဝေးတစ်နေရာ၌ ကျောင်းအုပ်ကြီး သုံးယောက်ဖြစ်တဲ့ ကျူးချွဲ့၊ ရွှမ်ဝူနဲ့ ပိုင်ဟူတို့လည်း တိုက်ပွဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

"ဒီကောင်လေးက တကယ် ထူးခြားတယ်... အခုသူ့ရဲ့ လျှို့ဝှက်နဂါးကြီး ပေါ်လာပြီ ဒါကြောင့် သူနဲ့ မတိုက်သေးတာ ကောင်းမယ်!"

ရွှမ်ဝူကျောင်းအုပ်က စိတ်လှုပ်ရှားမှုနဲ့ သက်ပြင်းချလိုက်ပြီး ကျန်ကျောင်းအုပ်ကြီး နှစ်ယောက်ဖြစ်တဲ့ ကျူးချွဲ့နဲ့ ပိုင်ဟူကို တစ်ချက် ကြည့်လိုက်သည်။

ပိုင်ဟူကျောင်းအုပ်၏ မျက်လုံးများသည် လေးနက်ပြီး လူသတ်ချင်သည့် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေပါသည်။ ကျူးချွဲ့ကျောင်းအုပ်၏ မျက်လုံးများသည် အလင်းရောင်များ တောက်ပလျက် သူဘာတွေးနေတယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မပြောနိုင်ပေ။

ပြန်လည်မွေးဖွားလာသောဧကရာဇ် (Book 4)Dove le storie prendono vita. Scoprilo ora